နိုင်ငံရေး

ဦးမင်းအောင်လှိုင် သမ္မတ အဖြစ်နဲ့ အိန္ဒိယကို ပထမဆုံး နိုင်ငံခြား ခရီးစဥ် အဖြစ်ရွေးချယ်တာကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ဂုဏ်ယူကြောင်းပြော

ဇွန် ၂ – ၂၀၂၆

အိန္ဒယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ဦးမင်းအောင်လှိုင် အနေနဲ့ သမ္မတ အဖြစ် ပထမဆုံး နိုင်ငံခြား ခရီးစဥ်ကို အိန္ဒိယ အဖြစ် ရွေးချယ်တဲ့ အပေါ် ဂုဏ်ယူကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ရေးသားဖေါ်ပြ လိုက်ပါတယ်။

#ဝန်ကြီးချုပ်မိုဒီရဲ့ ဖေါ်ပြချက်အပြည့်အစုံ

——————–

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ပါတယ်။ သမ္မတအဖြစ်နဲ့ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အိန္ဒိယနိုင်ငံ အနေနဲ့ ဂုဏ်ယူမိပါတယ်။

ပိုပြီးတော့ ဝမ်းသာစရာ ကောင်းတာက သူဟာ ဒီခရီးစဉ်ကို မြတ်စွာဘုရားရှင် ရဲ့ ကောင်းချီး မင်္ဂလာတွေနဲ့အတူ ဗုဒ္ဓဂါယာ ကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍစုံကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယရဲ့ ‘’အိမ်နီးချင်းကို ဦးစားပေးခြင်း’’ Neighbourhood First ၊ အရှေ့မျှော် မူဝါဒ Act East နဲ့ အင်ဒို-ပစိဖိတ် ဆိုင်ရာ မူဝါဒတွေ အတွက် မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေမှာ ကုန်သွယ်ရေး၊ မြေရှားသတ္တု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ရှေးဟောင်း အမွေအနှစ်များ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေဖို့ နည်းလမ်း တွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရေကြောင်းလုံခြုံရေး၊ ဆိုင်ဘာလုံခြုံရေးနဲ့ တခြားကဏ္ဍတွေ မှာလည်း နီးနီးကပ်ကပ် ပူးတွဲလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *