တောင်ကိုရီးယား ၂ : ၁ ချက်သမ္မတနိုင်ငံ
ဇွန် ၁၂ – ၂၀၂၆
၂၀၂၆ ကမ္ဘာ့ဖလား မှာ အာရှအတွက် ပွဲဦးထွက်အဖြစ် တောင်ကိုရီးယား က ချက်သမ္မတနိုင်ငံ အသင်းနဲ့ ယှဥ်ပြိုင်ရာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွား ပါတယ်။
ကမ္ဘာ့ဖလား ဖွင့်ပွဲအပြီး မက္ကဆီ ကိုမှာ ဒုတိယ ပွဲစဥ် အဖြစ် ကစားရာမှာ ချက်သမ္မတ အသင်းက ဒုတိယပိုင်း ၅၉ မိနစ်မှာ ၁ ဂိုး နဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ၆၇ မိနစ် မှာ တောင်ကိုရီးယား ကနေ ချေပဂိုးသွားခဲ့ပြီး မိနစ် ၈၀ မှာ အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
အခုဆို အုပ်စု A မှာ တောင်ကိုရီး နဲ့ မက္ကဆီ ကို တို့က တပွဲနိုင် ၃ မှတ်စီ နဲ့ ဇယားထိပ်မှာ ရှိနေကြပါတယ်။
တောင်အာဖရိက နဲ့ ချက်သမ္မတနိုင်ငံ တို့ကတော့ တပွဲစီ ရှုံးနိမ့်ထားကြ ပါတယ်။
—————————
THN Public Media
