Sport

အိမ်ရှင် ကနေဒါ အဖွင့်ပွဲမှာ သရေကျ

TORONTO, ONTARIO – JUNE 12: Jovo Lukic of Bosnia & Herzegovina celebrates his goal during the FIFA World Cup 2026 Group B match between Canada and Bosnia and Herzegovina at Toronto Stadium on June 12, 2026 in Toronto, Ontario. (Photo by Image Photo Agency/Getty Images

ကနေဒါ ၁ : ၁ ဘော့စနီးယား ဟာဇီကိုဗီးနား

ဇွန် ၁၂ – ၂၀၂၆

ကမ္ဘာ့ဖလား ဒုတိယနေ့ ပွဲစဥ်မှာ အိမ်ရှင် ကနေဒါ နဲ့ ဘော့စနီးယား ဟာဇီကိုဗီးနီးယား တို့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

ဒီ အုပ်စု B ပွဲစဥ်မှာ ဘော့စနီးယား ဟာဇီကိုဗီးနီးယား က ပထမပိုင်း ၂၁ မိနစ်မှာတင် ထောင့်ကန် ဘောကနေ တဆင့် တဂိုး ရှိခဲ့တာ ဖြစ်ပါတယ်။

ကနေဒါကတော့ အိမ်ရှင်ပီပီ ပရိသတ် အသာနဲ့ ကစားကွက် ကောင်းကောင်း ဂိုးသွင်းခွင့် တချို့ ရရှိ ကစားနိုင်ပေမယ့် ပြိုင်ဘက်က လူပိတ်ပြီး ခုခံကစား ခဲ့တာကြောင့် ဒုတိယပိုင်း ၇၈ မိနစ်ကျမှ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အတွက နောက်တပွဲကတော့ နောက်ထပ် အိမ်ရှင် ဖြစ်တဲ့ အမေရိကန် နဲ့ ပါနားမား တို့ ပွဲဖြစ်ပြီး မြန်မာအချိန် ဇွန် ၁၃ မနက် ၇နာရီခွဲ့ အချိန်ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *