ဇွန် ၁၄ – ၂၀၂၆
မိုးကုတ် ရတနာမြေက ထွက်တဲ့ အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁၅၀၀ ကရက်) နီလာအရိုင်းတုံးကြီး နဲ့ နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်) နှစ်တုံးကို ဦးမင်းအောင်လှိုင် က ဒီကနေ့ ကြည့်ရှုစစ်ဆေး ခဲ့တယ်လို့ Head of State က သတင်းထုတ်ပြန်ထား ပါတယ်။
ဒီ နီလာ ၂ တုံးဟာ ၂၀၂၀ က မိုးကုတ်ရတနာမြေ ကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး အခု ဦးမင်းအောင်လှိုင် သမ္မတ တာဝန်ယူတဲ့ အချိန် မှာ နိုင်ငံတော် ကို လာရောက် အပ်နှံတာလို့ ဆိုပါတယ်။
ဘယ်သူက လာရောက် အပ်နှံတယ်ဆိုတာကိုတော့ ဖေါ်ပြမထားပါ။
၂၀၀၉ ခုနှစ်တုန်းက တော့ အလေးချိန် ၁၁၈၇၇ ဂရမ် (၅,၃၈၅ ကရက်) ရှိတဲ့ နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အခုနီလာရိုင်းတုံးကြီးက ပိုကြီးကာ ရှာဖွေတွေ့ရှိဖို့ ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှု အနေနဲ့ အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်း မရှိတဲ့ သဘာဝအတိုင်း နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
