ဇွန် ၁၄ – ၂၀၂၆
ဒီကနေ့ မြန်မာအချိန် ည ၁၁ နာရီခွဲမှာ ရေပန်းစား အသင်းကြီး ဖြစ်တဲ့ ဂျာမဏီ ဟာ အခုနှစ်မှ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးအဆင့် ဝင်လာတဲ့ အသင်းငယ် ကျူရာဆောင်း (Curaçao) နဲ့ ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ဂျာမနီအသင်းက ဘောလုံးလောကရဲ့ ဘီလူးကြီးဖြစ်ပြီး ကျူရာဆောင်း (Curaçao) ကတော့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် လာပြိုင်ခွင့်ရတဲ့ အားနည်းတဲ့ အသင်းငယ်လေးပါ။
ကာရစ်ဘီယံပင်လယ်ထဲက လူဦးရေ ၁ သိန်းခွဲကျော် သာ ရှိတဲ့ ကျွန်းစု နိုင်ငံငယ်လေး ဖြစ်တဲ့ ကျူရာဆောင်း ဟာ ကမ္ဘာ့ဖလား အဆင့်ကို တက်ခွင့် ရတာနဲ့တင် သူတို့အတွက် အိမ်မက် တခုပါ။
ရှုံးလည်း အဆန်းမဟုတ်တာကြောင့် ဂျာမနီထက် စာရင် ဖိအား လုံးဝ မရှိဘဲ လွတ်လွတ်လပ်လပ် ကစားနိုင်ပါတယ်။
ဒါပေမယ့်လည်း သူတို့နိုင်ငံက နယ်သာလန်အောက်က နယ်မြေတခု ဖြစ်ခဲ့ဖူးတာကြောင့် ကစားသမား တော်တော်များများဟာ နယ်သာလန် အဆင့်နိမ့် လိဂ်တွေမှာ ကစားဖူးပြီး ဥရောပ စတိုင် ကစားကွက်ကိုတော့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။
ဂျာမနီ ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်စလုံး အုပ်စုက ထွက်ခဲ့ရလို့ သိက္ခာဆယ်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
လက်တွေ့အခြေအနေအရ ဂျာမနီအသင်းကပဲ သေချာပေါက် ဂိုးပြတ် အနိုင်ရဖို့ ရှိပြီး ဂျာမနီအသင်းက ပွဲကို လွှမ်းမိုးထားကာ သုံး လေး ဂိုးပြတ် အနိုင်ယူပြီး ကမ္ဘာ့ဖလားခရီးစဉ် ကို စတင်သွားမယ်လို့ သုံးသပ်မှုတွေ ရှိနေကြပါတယ်။
—————————
THN Public Media
