နိုင်ငံရေး

တရုတ်မြန်မာ နှစ်နိုင်ငံအကြား စာချွန်လွှာနဲ့ သ‌ဘောတူစာချုပ် ၁၈ ခု လက်မှတ်ရေးထိုး

ဇွန် ၁၇ – ၂၀၂၆

တရုတ်နိုင်ငံကို သမ္မတ အနေနဲ့ ရောက်ရှိနေတဲ့ ဦးမင်အောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ အကြား မနေ့က တွေ့ဆုံဆွေးနွေးအပြီး နှစ်နိုင်ငံအကြား စာချွန်လွှာနဲ့ သ‌ဘောတူစာချုပ် ၁၈ ခု လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရပါတယ်။

နှစ်နိုင်ငံအကြား #စာချွန်လွှာများ

———————

လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ ပူးတွဲမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အကောင်အထည် ဖော်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊

လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၂၀၂၆)အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊

အောင်ဆန်းအားကစား ကွင်းသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် အကူအညီပေး ရေးဆိုင်ရာစာလွှာ

မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

တရုတ်-မြန်မာ သိပ္ပံနှင့် နည်းပညာ ပြည်သူချင်းဖလှယ်ရေး အစီအစဉ်ဆိုင်ရာ နားလည် မှု စာချွန်လွှာ၊

ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ် ယန္တရား နား လည်မှု စာချွန်လွှာ၊

ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်း အသံ/ရုပ် ဝန် ဆောင်မှုများ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နားလည်မှု စာချွန်လွှာ၊

ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာ ချွန်လွှာ၊

ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

လွတ် လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင် ရာ နားလည်မှုစာချွန်လွှာ၊

မြေငလျင်ဘေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု နည်းပညာ အကူအညီ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရေးဆိုင်ရာ စာလွှာ၊

မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ

#သဘောတူစာချုပ်များ

————————

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းသား ဆေးဖက်ဝင် အပင်များ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊

မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ငှက်ပျောသီးများ တင်ပို့ခြင်းဆိုင်ရာ အပင် ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးရန် ရေထွက်တိရစ္ဆာန်များ တင်ပို့ခြင်း ဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနှင့် သန့်ရှင်းရေးလိုအပ် ချက်ဆိုင်ရာ သဘောတူစာချုပ်၊

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *