ဓားစာခံတွေ ပြန်လွတ်တာကို တိုက်ရိုက်ကြည့်ရှုနေကြတဲ့ Tel Aviv မြို့က အစ္စရေး ပြည်သူများ (အောက်တိုဘာ ၁၃ – ၂၀၂၅)
Photo news photo: getty
Photo news photo: getty
အောက်တိုဘာ ၁၃ – ၂၀၂၅ ဟားမတ်စ်တို့ ဖမ်းဆီးထားခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ နောက်ဆုံး ဓားစာခံ အယောက် ၂၀ ကို အစ္စရေးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုတွေ အတွင်း ဟားမတ်စ်တို့က ဓားစာခံတွေကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ဦး ထဲက လေးဦး ရဲ့ ရုပ်အလောင်းတွေကိုသာ ဒီကနေ့ လွှဲပြောင်းပေမယ်လို့ သိရပြီး ဟားမတ်စ်ဘက်က ကျန် ရုပ်အလောင်းတွေကို ဆက်လက် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဓားစာခံများ လဲလှယ်မှုအဖြစ်၊ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ
အောက်တိုဘာ ၁၃ – ၂၀၂၅ နေပြည်တော်မှာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပမယ့် တနိုင်ငံတိုက်ခိုက်မှု အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနား ကို မတက်ရောက်ဘဲ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်တွေကို NCA လက်မှတ်ထိုး ၆ ဖွဲ့ကနေ တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုဟာ NCA ကို ဖျက်ဆီးလိုက်တာ ဖြစ်ပြီး အကောင်အထည်ဖေါ်မှု လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းသွားကာ စက္ကူစုတ် တခု ဖြစ်သွဦးပြီလို့ ဖေါ်ပြထားပါတယ်။ စစ်ကော်မရှင် ဘက်တော့ NCA ၁၀ နှစ်မြောက်အတွက် NCA လက်မှတ်ထိုး အဖွဲ့တွေရော မက်မှတ်မထိုး
ရွှေစျေး – ၈၃ သိန်း ၂ သောင်းဒေါ်လာ – ၄၀၇၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ဒီဇယ် – ၂၅၀၅—————-မနေ့ကစျေးရွှေစျေး – ၈၂ သိန်း ၈ သောင်းဒေါ်လာ – ၄၀၅၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ဒီဇယ် – ၂၅၀၅
အောက်တိုဘာ ၁၂ – ၂၀၂၅ ဂါဇာကမ်းမြှောင်ဒေသ ကနေ အစ္စရေး တပ်တွေ ပထမအဆင့် ဆုတ်ခွာသွားပြီး နောက် ဂါဇာစီးတီးမှာ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ Dughmush မျိုးနွယ်စုဝင် လက်နက်ကိုင်တွေ အကြေား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ရာ လူ ၂၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ ဟားမတ်စ် လက်နက်ကိုင်တွေက မြို့တွင်းရှိ ဂျော်ဒန်ဆေးရုံ အနီးမှာ လက်နက်ကိုင် မျိုးနွယ်စုတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦး ပြောတာက လုံခြုံရေးယူနစ်တွေ ကနေ လက်နက်ကိုင် မျိုးနွယ်စုတွေကို ဝိုင်းဖမ်းဖို့ ကြိုးပမ်းရာ အပြင်းအထန် တိုက်ခိုက်မှုတွေ
အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အရှေ့အလယ်ပိုင်း ဒေသကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နဲ့ ပတ်သက်တဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် တက်ရောက်မယ့် ဒီထိပ်သီး အစည်းအဝေး မတက်ရောက်ခင် သူဟာ အစ္စရေးနိုင်ငံမှာ ဓားစာခံ မိသားစု တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အစ္စရေး လွှတ်တော်မှာလည်း မိန့်ခွန်း ပြောကြား မှာ ဖြစ်ပါတယ်။ အစ္စရေးအစိုးရ ပြောခွင့်ရသူက ဂါဇာမှာ ဖမ်းဆီးထားတဲ့ အသက်ရှင်လျက်
အောက်တိုဘာ ၁၂ – ၂၀၂၅ ဟားမတ်စ် ကနေ အသက်ရှင်လျက်ရှိတဲ့ အစ္စရေး ဓားစာခံ ၂၀ စလုံးကို တနင်္လာနေ့ မနက်ပိုင်းမှာ တပေါင်းတည်း ပြန်လွှတ်ပေးမယ်လို့ အစ္စရေး တို့က မျှော်လင့်ထားကြပါတယ်။ သေဆုံးသွားတဲ့ ဓားစာခံ ရုပ်အလောင်းတွေကိုတော့ ခေါင်းတလား တွေနဲ့ သယ်ဆောင်ကာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေး အတည်ပြု နိုင်ဖို့ မှုခင်းဆေးပညာဆိုင်ရာ အင်စတီကျူးရှင်းကို ပို့ဆောင်မယ်လို့ အစ္စရေး အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ သောကြာနေ့က စတင် အသက်ဝင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ၊ ဟားမတ်စ် တို့က မနက်ဖြန် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ပြီး အစ္စရေး ဓားစာခံအားလုံးကို ပြန်လည်
“မြသွဲ့သွဲ့ခိုင် အပစ်ခံရတာကစပြီး ကောက်ချက်ဆွဲရင် အဖြေတမျိုး ‘’ သာဝ ဘာရမလဲ… သိမ်းချင် အမှိုက်သိမ်း…လို့ သုံးသပ်ရင် ကောက်ချက် တမျိုး… ‘’အားလုံးဟာ ဒေါက်ဖိနပ်ရဲ့အောက် ရောက်သွားမယ်လို့ ပြောရင်…နောက်ထပ် ကောက်ချက်တမျိုး…’’ ဦးဟန်ရှင်ဝင်း (တရားလွှတ်တော်ရှေ့နေ) ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပဋိပက္ခ အကျပ်အတည်း နဲ့ ပတ်သက်ပြီး ဉာ ဉာ နာ ရှိမှ ကျော်လွှား ဖြေရှင်းနိုင်မယ် ဆိုတဲ့ ဒဿန တခုကို တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းက ချပြလိုက် ပါတယ်။ ၁ ၉၇၅ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်မှာ ထောင် ၅ နှစ်ကျပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာတဲ့ ဦးဟန်ဝင်းရှင်က လက်နက်ကိုင် တော်လှန်ရေး နဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ
အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က လာမည့်နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်သွင်းကုန်တွေ အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ ကနေ မြေရှားသတ္တု (rare earths) ပို့ကုန် စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့ အတွက် ဒါကို တရုတ်အနေနဲ့ “အလွန် ရန်လိုလာ နေတယ်” လို့ ထရမ့်က စွပ်စွဲကာ ကမ္ဘာကို “ချုပ်ကိုင်ဖို့” ကြိုးပမ်း နေတယ်လို့ သောကြာနေ့မှာ ဆိုရှယ်မီဒီယာကနေ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံမယ့် အစည်းအဝေး ကနေ နုတ်ထွက် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဖျက်သိမ်းခြင်း