Blog

နိုင်ငံတကာ

ယူကရိန်းတခုလုံးကို ရုရှားဆီကနေ အနိုင် ပြန်ရနိုင်ကြောင်း ထရမ့်ပြောကြား

စက်တင်ဘာ ၂၄ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ယူကရိန်းဟာ “သူ့ရဲ့ မူလပုံစံ အတိုင်း ယူကရိန်း တခုလုံးကို အနိုင် ပြန်ရနိုင်တယ်’’ လို့ ပြောကြားလိုက်ပြီး ဒါဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲအပေါ် ထရမ့်ရဲ့ ကြီးမားစွာ ပြောင်းလဲသွားတဲ့ ရပ်တည်ချက် အဖြစ် တွေ့မြင်ရပါတယ်။ ထရမ့်က Truth Social ပလက်ဖောင်းမှာ ရေးထားရာ ဥရောပနဲ့ နေတိုး တို့ရဲ့ ထောက်ပံ့မှုနဲ့ အတူ ရုရှားအပေါ်လည်း စီးပွားရေး ဖိအားတွေကြောင့် ယူကရိန်းဟာ “ဒီစစ်ပွဲစတင်ခဲ့တဲ့ မူလ နယ်နိမိတ်တွေကို” ပြန်လည်ရယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ထရမ့်ဟာ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခမှာ မိန့်ခွန်း ပြောကြားပြီးနောက် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ

Read More
War နိုင်ငံရေး ပြည်တွင်း

မြန်မာစစ်တပ် ကစထမှူးများ ရာထူးအပြောင်းအလဲရှိကြောင်း သတင်းထွက်

စက်တင်ဘာ ၂၄ – ၂၀၂၅ မြန်မာစစ်တပ်အတွင်း ကစထမှူး ရာထူး အပြောင်းအလဲ ရှိကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ပေါက်ကြားလာတဲ့ သတင်းအရ အပြောင်းအလဲဟာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရပါတယ်။ ၁။ ကစထ (၁) – ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး DSA ၃၈ – ကစထ (၅)၂။ ကစထ (၂) – ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး DSA ၃၅ – အရန်၃။ ကစထ (၃) – ဒုဗိုလ်ချုပ်ကြီး တေဇကျော် OTS ၇၃ – အရန်(ဆက်တွဲ)၄။ ကစထ (၄) – ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ – နေမြဲ၅။ ကစထ (၅)

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့

Read More
နိုင်ငံရေး

စစ်ကော်မရှင် ဥက္ကဌ ရုရှားနိုင်ငံ ထပ်သွားမယ်

စက်တင်ဘာ ၂၃ – ၂၀၂၅ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက် အရ မြန်မာစစ်ကော်မရှင် ဥက္ကဌ ဟာ ရုရှားနိုင်ငံကို မကြာခင် အလုပ်သဘော ခရီးသွားရောက်မှာ ဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ မော်စကိုမှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူ သတင်းပတ် ဖိုရမ် World Atomic Week 2025 ကို တက်ရောက်ဖို့ ရုရှားကို သွားရောက်မှာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ စစ်ကော်မရှင် ဥက္ကဌဟာ အဏုမြူ ဖိုရမ် အပြင် ရုရှားသမ္မတ နဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

သတင်းထောက် အမျိုးသမီး မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်၊ ဖမ်းဆီးတာမဟုတ်ဘူးလို့ AA ပြော

စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို အာရက္ခတပ်တော် AA ကနေ ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ဒါဟာ ဖမ်းဆီးတာ မဟုတ်ဘဲ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ က ဒီကနေ့ ပြောကြားလိုက် ပါတယ်။ “ဒီသတင်းထောက်အမျိုးသမီးဟာ စစ်ပွဲကာလ လိုက်နာရမယ့် စည်းဘောင် တွေ ကျော်ပြီးတော့ အများပြည်သူလုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေလုပ်တဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့ စောင့်ကြည့်နေတာ ကြာပါပြီ။ အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူ စိစစ်ဖို့ လိုအပ် တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ ခေါ်ယူ စိစစ်နေတာသာ

Read More
ပြည်တွင်း သတင်း

Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာ ကို နေအိမ်ကနေ AA ခေါ်ဆောင်သွား၊ မမုဒြာ ကိုပြန်လွှတ်ပေးဖို့ မီဒီယာအဖွဲ့အစည်းတွေ တောင်းဆို

စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော် အချိန်လောက်မှာ မောင်တောမြို့ နေအိမ်ကနေ ULA/AA က လာရောက် ခေါ်ဆောင်သွားကြောင်း မနေ့ စတင်ဘာ ၂၂ ရက်နေ့မှာ Border News Agency ကနေ သတင်းထုတ်ပြန် ထားပါတယ်။ မမုဒြာ နဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာတွေ ရှိမယ်ဆိုရင် သက်ဆိုင် ရာပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့နောက် အမျှော်အမြင် ရှိစွာ၊ သဘောထားကြီးစွာနဲ့ အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှု အပေါ် တွင်

Read More
နိုင်ငံရေး ပြည်တွင်း သတင်း

7 EAO Alliance အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဘုံသဘောထားတွေ ချမှတ်

စက်တင်ဘာ ၂၃ – ၂၀၂၅ ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ပြန်လည်သုံးသပ်ခြင်း အစီအစဥ် ဆိုင်ရာ ဘုံသဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန် ထားပါတယ်။ လာမယ့် အောက်တိုဘာလ (၁၅) ရက်နေ့ ကျရောက်မယ့် (၁၀) နှစ်မြောက် NCA နှစ် ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ အစီအစဥ်တွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ၊ နိုင်ငံတကာ အခင်း အကျင်း နဲ့ ဖြစ်ပေါ်လာနိုင်ဖွယ် အလားအလာတွေကို သုံးသပ်ဆွေးနွေး ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင်

Read More
သတင်း

AI ဉာဏ်ရည်တုက ဂနို နဲ့ MRSA ပိုးတွေ အတွက် ပဋိဇီဝဆေးတွေကို ထုတ်လုပ်

စက်တင်ဘာ ၂၃ – ၂၀၂၅ဆေးယဉ်ပါးနေတဲ့ ဂနိုရီးယား လို့ ခေါ်တဲ့ လိင်မှတဆင့် ကူးဆက်တဲ့ ဆီးပူညောင်းကျ ရောဂါပိုး နဲ့ MRSA ဆိုတဲ့ ဆေးမတိုးတော့တဲ့ပိုး တွေကို သတ်နိုင်တဲ့ အလားအလာရှိတဲ့ ပဋိဇီဝဆေးသစ် နှစ်မျိုးကို AI ဉာဏ်ရည် တု က တီထွင်လိုက်ကြောင်း သုတေသီတွေ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။ ဒီဆေးဝါးတွေကို AI က အက်တမ် တခုချင်းစီနဲ့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုမှာ ဆေးမတိုးတဲ့ စူပါ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ဒါပေမယ့်လည်း ဒီဆေးနှစ်မျိုးကို လူနာတွေ အတွက် အသုံးပြုနိုင်ဖို့ ပြုပြင် မွမ်းမံမှုတွေနဲ့ ဆေးဝါး စမ်းသပ်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ဖို့

Read More
မိုးလေဝသ ရုပ်သံ

မုန်တိုင်းနဲ့ လေစိုင်ဝဲကြောင့် မြန်မာပြည်မိုးကြီးမယ့် မိုးလေဝခန့်မှန်းချက်

ဦးဌေးတင့် – မိုးဇလဘလော့ဂါ (စက်တင်ဘာ ၂၃ – ၂၀၂၅) ဖိလိစ်ပိုင် ကျွန်းကို တိုက်ခတ်နေတဲ့ စူပါတိုင်ဖုန်း မုန်တိုင်း လမ်းကြောင်းနဲ့ မုန်တိုင်း အရှိန်… အဲဒီနောက်မှာ ကပ်လိုက်လာနဲ့ နောက်ထပ် မုန်တိုင်းတလုံး… မြန်မာနိုင်ငံအောက်ဘက်က ဘင်္ဂလားပင်လယ်အော်မှာ အရှိန်ပြင်းလာမယ့် လေစိုင်ဝဲ… စတဲ့ အရှေ့အနောက် ရာသီဆိုးဝါးမှုကြောင့် မြန်မာနိုင်ငံမှာ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ရခိုင်ဘက်မှာ မိုးကြီးတွေ ရွာသွန်းမှာ ဖြစ်လို့ အထူးသတိထားကြဖို့ မိုးဇလ ဘလော့ဂါ ဦးဌေးတင့်က စက်တင်ဘာ ၂၃ ရက်နေ့မှာ ဗျို့ဟစ် ဆော်သြထားပါတယ်။

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ပြင်သစ်သမ္မတ မက်ခရွန် ကုလညီလာခံမှာ ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅အာလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်အစိုးရ အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြု ဖြစ်ကြောင်း အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အခုလို ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံရေး လှိုင်းထဲမှာ ပြင်သစ်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုကြောင်း မပြောကြားခင် သမ္မတ မက်ခရွန်က ဂါဇာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ် အနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို

Read More