နိုင်ငံရေး

နိုင်ငံရေး ပြည်တွင်း

ကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိကြောင်း စစ်ကော်မရှင် ထုတ်ပြန်၊ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေလို့ဆို

အောက်တိုဘာ ၈ – ၂၀၂၅ အဖွဲ့က ရခိုင်ပြည်နယ်နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်မယ့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီး ရမိ ခဲ့ကြောင်းနဲ့ ဒါတွေဟာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ MRTV မှာ မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ရှမ်းပြည်နယ်က ဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ ကနေ ရခိုင်ပြည်နယ် နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်ဖို့ ဖြစ်ကြောင်း သတင်းရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ နစ်ဆန် ကားတစီး ပေါ်ကနေ

Read More
နိုင်ငံတကာ နိုင်ငံရေး

အောက်တိုဘာ ၇ ရက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အစ္စရေးပြုလုပ်

အောက်တိုဘာ ၈ – ၂၀၂၅ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှု ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အစ္စရေး နိုင်ငံသားတွေဟာ မနေ့ အောက်တိုဘာ ၇ ရက်နေ့က တနိုင်ငံလုံးမှာ စုရုံး ကျင်းပခဲ့ သလို၊ အီဂျစ် နိုင်ငံ မှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်နေ ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ရဲ့ အစ္စရေးထဲ ဝင်ရောက် တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံ အဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဟိုလိုကော့စ် (Holocaust) ဖြစ်ပြီး

Read More
နိုင်ငံရေး သတင်း

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန်

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန် အောက်တိုဘာ ၈ – ၂၀၂၅ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ၅၀၅-က/ ပေါက်ကွဲ-၅ အမှုတို့နဲ့ ထောင်ဒဏ် (၈)နှစ် အကျဉ်းချ ခံထားရတဲ့ အသက် (၄၈) နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၄ ရက်နေ့က နှလုံး ဆီးချို ကျောက်ကပ်ရောဂါ နဲ့ ထောင်ထဲမှာ အသက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကိုအောင်ကိုဦးဟာ ၂၀၂၁ အစောပိုင်းကာလမှာ စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ ပြီးနောက် ၂၀၂၁ မေလ (၁၄) ရက်နေ့မှာ

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲခရိုင် မန်ဟုန်း‌ ကျေးရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ် (၁)ဦး အပါအ၀င် လူ (၁၀) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၇ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲခရိုင် မိုင်းလုံ မြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်က ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ လေယာဥ်နေဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၁)ဦး အပါအ၀င် ပြည်သူလူထု (၁၀) ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA တအာင်းအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် နေအိမ် (၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။ အလားတူ ဒီကနေ့ မနက် ၇ နာရီခွဲ လောက်မှာ နမ္မတူ မြို့နယ် ရပ်ကွက် (၈) ‌ပုဗ္ဗာရုံ

Read More
နိုင်ငံရေး ပြည်တွင်း

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ရဲဘော်ချမ်းငြိမ်းအောင် အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်၊ ချောင်းဦးမှာ ဗုံးကြဲလို လူ ၂၀ ကျော် သေဆုံး

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ရဲဘော်ချမ်းငြိမ်းအောင် အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်၊ ချောင်းဦးမှာ ဗုံးကြဲလို လူ ၂၀ ကျော် သေဆုံး အောက်တိုဘာ ၇ – ၂၀၂၅ ရဲဘော်ချမ်းငြိမ်းအောင် ဟာ မနေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ လောက်မှာ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှု လမ်းစဥ်နဲ့ တိုက်ပွဲဝင်းရင်း ကျဆုံးသွားတဲ့ အတွက် မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကနေ ဒီကနေ့ အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။မနေ့ညက ချောင်းဦးမြို့နယ်မှာ ဆီးမီးသပိတ် ပြုလုပ်နေချိန် စစ်တပ်က လေထီးတပ် ပါရာမိုတာ ပေါ်ကနေ ဗုံးကြဲခဲ့တဲ့အတွက် လူပေါင်း ၂၀ ကျော် လူပေါင်း လူ

Read More
နိုင်ငံတကာ နိုင်ငံရေး

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစ္စရေးနဲ့ ဟားမတ်စ် တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ တနင်္လာနေ့မှာ စတင်

အောက်တိုဘာ ၇ – ၂၀၂၅ (ဟားမတ်စ်ဘက်က သမ္မတထရမ့်ရဲ့ အဓိက ဆိုပြုချက် အချက် တချို့ကို လက်ခံ လိုက်တာဟာ ဓားစာခံ ပြန်လွှတ်ပေးရေး နဲ့ အပစ်ရပ်စဲရေး အရှိန် အဟုန် ကို မြှင့်တင် ပေးလိုက်ပေမယ့် နှစ်ဘက် အဖွဲ့တွေကြား ကွာဟချက် ကြီး တွေ ရှိနေဆဲ ဖြစ်ပါတယ်။) နှစ်ဘက်အကြား နက်ရှိုင်းတဲ့ သဘောကွဲလွဲမှုတွေ ရှိနေပေမယ့် ဂါဇာမှာ နှစ်နှစ် နီးပါးကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးတော့မယ်လို့ သတိနဲ့ အကောင်း မြင်မှုတွေ ကြားကပဲ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဟာ အမေရိကန် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး အီဂျစ် နိုင်ငံမှာ တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးပွဲတွေ

Read More
War နိုင်ငံရေး ပြည်တွင်း

လေးကေကော်ကို စစ်တပ်က ဝင်စီးထား

အောက်တိုဘာ ၆ – ၂၀၂၅ ကရင်ပြည်နယ် မြဝတီမြို့တော်ဘက်မှာ ရှိတဲ့ လေးကေကော်မြို့သစ်ကို စစ်တပ်က ဝင်စီးထားပြီ ဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် တချို့မှာ ဓါတ်ပုံတွေ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း လေးကေကော် တမြို့လုံးကို စစ်တပ်က ဝင်ရောက် နိုင်တာ မဟုတ်ဘဲ တချို့နေရာလောက်သာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်၊ စစ်တပ်ဟာ အောင်ဇေယျ စစ်ဆင်ရေးနဲ့ အာရှလမ်းကြီး နဲ့ သင်္ဃန်းညီနောင် တပ်စခန်းတွေကိုပါ မကြာသေးခင် က ပြန်ထိန်းချုပ်ခဲ့ပြီး နောက် တခြားနေရာတွေကိုပါ တိုးချဲ့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဓါတ်ပုံ – တယ်လီဂရမ်

Read More
နိုင်ငံတကာ နိုင်ငံရေး

ဆီးရီးယားမှာ အာဏာရှင် အာဆတ် ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပ၊ ပြည်နယ်အားလုံးတော့ မဟုတ်

အောက်တိုဘာ ၆ – ၂၀၂၅ ဆီးရီးယား နိုင်ငံမှာ အာဏာရှင် ဘာရှာ အဲလ်အာဆတ် ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကို မနေ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အားလုံးပါဝင်နိုင်ရေး ဆိုင်ရာ စိုးရိမ် ပူပန်မှုများ နဲ့ ကြန့်ကြာမှုတွေလည်း ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလအတွင်း ဥပဒေပြုရေး အတွက် တာဝန်ယူ မယ့် ပြည်သူ့လွှတ်တော် အတွက် တိုက်ရိုက်မဲပေးခြင်းမျိုး မဟုတ်ပါ။ “electro colleges” လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ပါတီတွေ ပါဝင်တဲ့ အစု အဖွဲ့ထဲက ကိုယ်နှစ်သက်ရာ အဖွဲ့ကို မဲပေးရတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေ ကနေ ကိုယ်စားလှယ်ကို ရွေးထုတ်ပေးမှာ ဖြစ်ပြီး၊ ဒါက ကိုယ်စားလှယ် ၃ ပုံ

Read More
နိုင်ငံရေး ပြည်တွင်း

မကွေးတိုင်း မင်းဘူးခရိုင် PDF အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး ဟိုးကြီး အဆုံးစီရင်

အောက်တိုဘာ ၆ – ၂၀၂၅ မကွေးတိုင်း မင်းဘူးခရိုင် PDF အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး ဟိုးကြီး ဟာ အောက်တိုဘာ ၁ ရက်နေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား တယ်လို့ သိရပါတယ်။ ကျေးရွာတခု ဆေးခန်းထဲမှာ တခြားရဲဘော်တွေကို အပြင်ကို သွားကြဖို့ ပြောပြီး သူတဦးတည်း ရှိချိန်မှာ သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင် သွားတာဖြစ်ပါတယ်။အဆုံးမစီရင်ခင် ‘’ရိုးသားစွာတော်လှန်ကြပါ… အောက်ခြေရဲဘော်များ၏ အရှက် ဂုဏ်သိက္ခာ အသက်တွေကို ချမနင်းကြပါနဲ့…’’ ဆိုပြီး စာရွက် တရွက် မှာ စာရေးသားသွားခဲ့ပါတယ်။ အဲဒီစာအောက်ဘက်မှာ Kpay အကောင့်တခုရဲ့ Password ကို ရေးထားခဲ့ ပါတယ်။အခုလို ဖြစ်သွားရတာဟာ သူ ယာယီတပ်ရင်းမှူး တာဝန်မယူခင် အရင်

Read More
နိုင်ငံရေး ပြည်တွင်း

မဲစာရင်းတွ မှား နေကြောင်း ဘူးလတ် ဦးလှဆွေ ပြော

အောက်တိုဘာ ၆ – ၂၀၂၅ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဘူလက်လှဆွေ လို့ လူသိများတဲ့ ဦးလှဆွေက စစ်ကော်မရှင် ကျင်းပမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် ကပ်ထားတဲ့ မဲစာရင်းတွေ တော်တော်များများ လွဲနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ Lion united usdp ဆိုတဲ့ သူ့ရဲ့ တစ်တော့ အကောင့်ကနေ ရုပ်သံအတို ပြောကြားခဲ့တာ ဖြစ်ပြီး မဲစာရင်းတွေဟာ ‘’၂၀၂၀ တုန်းက မဲစာရင်း အဟောင်းကြီးတွေ လို့ ယူဆရတယ်’’ ဆိုတဲ့ မဲစာရင်းတွေ ပြန်ကပ် ထားပုံရတယ်လို့ ဆိုပါတယ်။အခု အသစ်ပြန်ကောက်ထားတဲ့ မဲစာရင်းတွေ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ မဲစာရင်း ၅၀၀ မှာ ၃၀၀ လောက်ကွာနေကြောင်းနဲ့ မင်္ဂလာ ဒီပလို့

Read More