နိုင်ငံရေး

War နိုင်ငံရေး

ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ အစ္စရေး သဘောတူ

အောက်တိုဘာ ၅ – ၂၀၂၅ စေ့စပ်ညှိနှိုင်းမှုတွေ အပြီး အစ္စရေး အနေနဲ့ ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ သဘောတူလိုက်ပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားပါတယ်။ ဒီညှိနှိုင်း သဘောတူညီမှုကို ဟားမတ်စ် ဘက်ကို အသိပေးထားပြီ ဖြစ်ပြီး ဟားမတ်စ်တို့က အတည်ပြုပြီးတာနဲ့ အပစ်ရပ်စဲရေး ချက်ခြင်း သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေနဲ့ အကျဥ်းသား လဲလယ်ရေးလည်း စတင်မှာ ဖြစ်ပြီး၊ အဲဒီနောက် တပ်ဆုတ်ဖို့ နောက်တဆင့် အခြေအနေတွေကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ် ၃၀၀၀ ကျော်ကြာ ကပ်ဘေးကြီး အဆုံးသတ်ဖို့ ဖြစ်လာလိမ့်မယ် လို့လည်း ထရမ့်က ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာအသိုင်းအဝန်းနဲ့ ထပ်မံတွေ့ဆုံ၊ ဦးခင်ရီက မဲဆွယ်တာ မဟုတ်ဘူးလို့ပြော

အောက်တိုဘာ ၅ – ၂၀၂၅ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက အနုပညာအသိုင်းအဝန်းက လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြထား ပါတယ်။ ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံမှုမှာ ဦးခင်ဦက သူ့အနေနဲ့ မဲဆွယ်တာ မဟုတ်ကြောင်း မဲဆွယ်တဲ့ ကာလ လည်း မဟုတ်သေးဘူးလို့ ပြောကြားသွားပါတယ်။ ကိုယ့်ကြိုက်တဲ့ ဘယ်ပါတီမဆို မဲပေးလို့ရတယ်လို့ သူက ဆိုပါတယ်။ အနုပညာရှင်တွေ အနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ လူငယ်တွေ လမ်းမှားမရောက်အောင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ် ပြောကြားတာလို့လည်း သူက ပြောဆိုသွားပါတယ်။

Read More
နိုင်ငံရေး သတင်း

သတင်းထောက် မမုဒြာ ကို ချက်ခြင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

အောက်တိုဘာ ၅ – ၂၀၂၅ မောင်တောအခြေစိုက် Border News Agency အမျိုးသမီးသတင်းထောက် မမုဒြာ ကို အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အပေါ် ချက်ခြင်းပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို အမျိုးသမီးအဖွဲ့ ၃ ဖွဲ့က တောင်းဆို လိုက်ပါတယ်။ Myanmar Women in Media၊ Burmese Women’s Union နဲ့ Sisters 2 Sisters ၃ ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က တောင်းဆိုတဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ မမုဒြာ ကို ဖမ်းဆီး စစ်ဆေးချိန် သီတင်း ၂ ပတ် ရှိပြီဖြစ်လို့ စိုးရိမ်ပူပန်ကြောင်း

Read More
War နိုင်ငံရေး ပြည်တွင်း

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ စစ်တပ်ဗုံးကြဲ၊ ကလေး ၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

အောက်တိုဘာ ၅ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ ကို မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲ လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ကလေး (၂) ဦး သေဆုံးပြီး ကလေး (၆) ဦး အပါအဝင် (၉) ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA တအာင်းတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ပြည်သူလူထု နေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီး သွားခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံတကာ နိုင်ငံရေး သတင်း

ပါလက်စတိုင်းအရေး လှုပ်ရှားမှုကို တားမြစ်ထားတဲ့ကြားက လန်ဒန်မြို့လယ် ဆန္ဒပြပွဲ လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ

အောက်တိုဘာ ၅ – ၂၀၂၅ ယူကေမှာ ပါလက်စတိုင်း အ‌ရေးလှုပ်ရှားမှုကို ပိတ်ပင်ထားတဲ့ကြားက မနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ လန်ဒန်မြို့လယ် Trafalgar Square ရင်ပြင်မှာ ပါလက်စတိုင်း ထောက်ခံ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ရဲက လူပေါင်း ၄၉၂ ဦးကို ဖမ်းဆီးသွားပါတယ်။ ဆန္ဒပြသူတွေက အခုလို ပါလက်စတိုင်း အ‌ရေးလှုပ်ရှားမှု ပိတ်ပင် ထားချက် ကို ပြန်ရုပ်ရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဓါတ်ပုံ – getty

Read More
War နိုင်ငံရေး ပြည်တွင်း

မန်းတက္ကသိုလ်ရာပြည့်ပွဲ လာရောက်တဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ လပခ ထဲကို BWM က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar BWM က ဦးဆောင်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေး တက္ကသိုလ်ထဲမှာကျင်းပတဲ့ ရာပြည့်သဘင် အခမ်းအနားမှာ အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတဲ့အတွက် လပခ ထဲကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို တိုက်ခိုက်မှု ရှိခဲ့ပေမယ့် စစ်ကော်မရှင် ဥက္ကဌ နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မန္တလေး

Read More
War နိုင်ငံတကာ နိုင်ငံရေး

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးမယ့် အပေါ် နေတန်ယာဟု တုန့်ပြန်၊ ထရမ့်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်တို့က ထရမ့် ငြိမ်းချမ်းရေး အစီအစဥ်မှာ ပါတဲ့ ဓားစာခံ လွှတ်ပေးရေး ကို သဘောတူ လိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ရုံးကနေ ထရမ့် အစီအစဥ်နဲ့ ပတ်သက်ပြီး အစ္စရေး အနေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စာနှစ်ကြောင်းပါ ကြေညာချက်ကို ထုတ်ပြန် လိုက် ပါတယ်။ “ဟားမတ်စ်ရဲ့ တုံ့ပြန်မှုကြောင့် အစ္စရေးဟာ ဓားစာခံအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရေး အတွက် ထရမ့်ရဲ့ အစီအစဉ် ပထမအဆင့်ကို ချက်ချင်း အကောင် အထည်ဖော်ဖို့ ပြင်ဆင်နေတယ်” လို့ နေတန်ယာဟုက ပြောကြား ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ “သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီ၊ အစ္စရေးက ချမှတ်ထား

Read More
War နိုင်ငံရေး

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်ကလေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်က အောက်တိုဘာ ၂ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်မှာ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတဲ့အတွက် ဟိုတယ် ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၃ – ၂၀၂၅

Read More
နိုင်ငံရေး အင်တာဗျူး

တပ်ချုပ်အကြောင်းပြန်လားနှင့် ဖျက်သိမ်းခံ NDF ခ‌မောက်ပါတီ နောက်ဆုံး အခြေအနေ – ကိုထက်အောင်ကျော်နဲ့ မေးမြန်းခန်း

NDF ဆိုတာ ပညတ်ပါ… ပညတ်တွေက အရေးမကြီးပါဘူး…’’‘’တပ်ချုပ်ဆီကို… ဒါသည် မဖြစ်သင့်ပါဘူးပေါ့… ငဲ့ညှာခွင့်ပြုဖို့ တင်တယ်ပေါ့…’’ ဦးထက်အောင်ကျော် (ဖျက်သိမ်းခံ NDF ပါတီ ဒုဥက္ကဌဟောင်း) စစ်ကော်မရှင်အောက် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီဝင်ဦးရေ မပြည့်မီ တာကြောင့် မကြာသေးခင်က ဖျက်သိမ်းလိုက်ရတဲ့ ခ‌မောက်ပါတီလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပါတီဖျက်သိမ်းခံရမှု အပေါ် တပ်ချုပ်ဆီ စာရေးသား အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ တပ်ချပ်က အကြောင်းပြန်ကြားပါလား…ပါတီဆက်တည်ထောင်ဖို့ အခွင့်အလမ်း ရှိပါသေးလား…ဒီဇင်ဘာ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ ဘာဆက်လုပ်မလဲ…ပုံစံတမျိုးနဲ့ နိုင်ငံရေး‌လမ်းကြောင်းပေါ်မှာ ရှိနေမလား…ဘာတွေ မျှော်လင့်ထားသေးလဲ…ဒါမှမဟုတ် ပါတီကို ပျက်တဲ့အတိုင်း ဒီအတိုင်းပဲ ထားလိုက်တော့မလား… ဆိုတာ NDF ပါတီ ဒုဥက္ကဌဟောင်း ဦးထက်အောင်ကျော်ကို မေးမြန်း

Read More
War နိုင်ငံရေး

ကျောက်မဲကို ဌာနဆိုင်ရာဝန်ထမ်းတွေ ကားအစီးတရာကျော်နဲ့ ပြန်လည် ဝင်ရောက်

အောက်တိုဘာ ၂ – ၂၀၂၅ စစ်တပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ကျောက်မဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲက ဒီနေ့မှ ဌာနဆိုင်ရာတွေ ဝင်တာလေ။ စစ်ရှောင်တွေကို တော့ပေး မဝင်သေးပါဘူး။ သူတို့ စစ်တပ်ဘက်က နယ်မြေ ရှင်းလင်းရေး တောင် မပြီးသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်မဲမြို့ ကနေ သီပေါဘက် အထွက်လမ်းဘက်က တိုးဂိတ် အကျော်ဘက်ကို စစ်က စစ်ကြောင်းထိုးပြီး လိုက်ပစ်နေတယ်လို့ သိရပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ သူက ပြောပါတယ်။ “ဟုတ်တယ်။ ဌာနဆိုင်ရာတွေ

Read More