မင်းကင်း ပအဖ ဖမ်းဆီး ထားတဲ့ SRF ရဲဘော် ၆ ဦး ကို တရားရုံးတင်ပေးဖို့ နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ SRF ကျောင်းသား တော်လှန်ရေးတပ်တော် ထုတ်ပြန်
မေလ ၂၄ – ၂၀၂၆ NUG အစိုးရ အုပ်ချုပ်ရေး ယန္တရား ကို ဝင်ရောက်စွက်ဖက်ကာ ပြည်သူတွေ ကို ဖမ်းဆီး သတ်ဖြတ် တာတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး မင်းကင်း ပအဖ က ဖမ်းဆီးထားတဲ့ SRF အဖွဲ့ဝင်တွေကို တရားရုံးတင်ပေးဖို့ နဲ့ မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးဖို့ SRF က ဒီကနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ အခု ပြဿနာ နဲ့ ပတ်သက်ပြီး စားပွဲမှာ ငြိမ်းချမ်းစွာ ဖြေရှင်း လိုကြောင်း လည်း SRF က အသိပေးထားပါတယ်။ ————————— THN Public Media
