နိုင်ငံရေး

War နိုင်ငံရေး ပြည်တွင်း

စစ်ရေးမှာ အရေးသာတဲ့ အချိန် ရှိသလို အရေးနိမ့်တာလည်း ရှိပါတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦး ပြော

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကနေ TNLA တအာင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတာ နဲ့ ပတ်သက်ပြီး TNLA TNLA ပြောခွင့်ရ မလွေးယေဦး က “စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့ သူကတော့ စစ်ရေးမှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည် ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ သတင်းဌာနတခုကို ပြောကြားသွားပါတယ်။ ဒါ့အပြင်

Read More
နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ်လက်မခံရင် – ဘာတွေဖြစ်မလဲ – ကိုအောင်မိုးဝင်းနဲ့ မေးမြန်းခန်း

‘’ဟားမတ်စ်ကို ဒီတပွဲမှာ အပြတ်ရှင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိပြီးသား…’’‘’တတိယပြဿနာက တိုနီဘလဲ တို့ ပါလာတာ…’’ ကိုအာင်မိုးဝင်း (အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ) ဟားမတ်စ်လက်နက်ချရမယ့် ဂါဇာကို ထရမ့်ရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိမယ့် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် က လက်ခံနိုင်မလား – လက်မခံရင် ဘာတွေ ဆက်ဖြစ်မလဲ…ထရမ့် နဲ့ နေတန်ယာဟုတို့ ရဲ့ တကယ့်ရည်မှန်းချက်ကဘာလဲ…ငြိမ်းချမ်းရေး အတွက် အဓိက ဖြေရှင်းရမှာကဘာလဲ… အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ ကိုအောင်မိုးဝင်း မေးမြန်း တင်ဆက်ထားပါတယ်။

Read More
War နိုင်ငံရေး

ကျောက်မဲမြို့ထဲကို စစ်တပ်က မီးလောင်ဗုံး နဲ့ တိုက်ခိုက်လို့ ဌာန ဆိုင်ရာရုံးတွေ မီးလောင်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်ကနေ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ဌာနဆိုင်ရာရုံး တချို့ မီးလောင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြို့တွင်း နေရာ တချို့ နဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်း နေရာတွေ မီးလောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့နယ်ကို သာလွန်အင်အား အပါအဝင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုပြီး ရမ်းသန်း ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အများပြည်သူ အနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကတော့ ကျောက်မဲမြို့အနီး ပင်တီးကျေးရွာ

Read More
War နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော

အောက်တိုဘာ ၁ – ၂၀၂၅ ဟာမတ်စ် ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ်ဟာ “အစ္စရေးရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုပြီး” “ပါလက်စတိုင်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်” လို့ ပြောကြားကာ ဟားမတ်စ် အနေနဲ့ ဒီ အစီအစဥ်ကို ပယ်ချဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အစီအစဥ်ထဲက အဓိက အချက်တချက်ဖြစ်တဲ့ လက်နက်ချခြင်းနဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်ခြင်း ကို ဟားမတ်စ် တို့က သဘောတူ မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ ဟားမတ်စ်က ဂါဇာမှာ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ဖြန့်ကျက် ချထားမှာကိုလည်း ကန့်ကွက်ကြောင်း သိရပြီး၊ ဒါဟာ ဂါဇာကို သိမ်းပိုက်တဲ့ ပုံစံသစ် အဖြစ် ဟားမတ်စ်တို့က ရှုမြင်ပါတယ်။အစ္စရေးဝန်ကြီးချုပ်

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ပါတီကနေ PDP ပါတီ ပြောင်းသွားတဲ့ ဗီဗီချမ်း – ဘာကြောင့် ဘယ်လို – မေးမြန်းခန်း

‘’ကျွန်မ က ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေမို့လို့…’’နောက်တကြိမ် မတူညီတဲ့ နည်းလမ်းနဲ့ ကြိုးစားကြရအောင်လို့…’’ဗီဗီချမ်း (PDP ပါတီ) ဘလော့ဂါ ကနေ နိုင်ငံရေးထဲ ဝင်ရောက်လာပြီး ပြည်သူ့ပါတီဝင် ဖြစ်လာတဲ့ ဗီဗီချမ်း၊ သိပ်မကြာခင်မှာပဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ PDP ကို ကူးပြောင်းသွားပြီး အခုတော့ PDP ကနေ ပြည်သူ့လွှတ်တော်ကနေ ဝင်အရွေးခံမယ်လို့ သိရပါတယ်။ အခုလို အချိန် ခဏတာအတွင်း ပါတီ အပြောင်းအလဲ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ…ပြည်သူ့ကိုယ်စားလှယ် ဝင်အရွေးခံဖို့ ဘယ်လိုဖြစ်လာခဲ့လဲ၊ ဘာတွေ ရည်မှန်းထားလဲ ဆိုတာ ဗီဗီချမ်းကို မေးမြန်းတင်ဆက်ထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

နောက်ဆုံးရက်ပြီးမှ ကိုယ်စားလှယ်လောင်း ၅၃ ဦး ထပ်တိုး ကြောင်း UEC ထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅ ကိုယ်စားလှယ်လောင်း တင်သွင်းရက် နောက်ဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက် နောက်မှာ စာရင်းရောက်ရှိလာတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦး ကို ထပ်တိုး စာရင်းသွင်း ပေးကြောင်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်း ၁ ဦးကို ပြန်ရုပ်သိမ်းကြောင်း စာရင်း လည်း ရောက်ရှိလာတဲ့ အတွက် ရုပ်သိမ်းပေးခဲ့ပြီး စာရင်းကနေ ထုတ်ပယ် ခဲ့တယ်လို့ ဆိုပါတယ်။အကြောင်းကတော့ အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် အခုလို ၂၂ ရက်နောက်ပိုင်းမှ ဝင်လာတဲ့ စာရင်းတွေကို ထည့်သွင်း ပြင်ဆင် ပေးခဲ့ တာလို့ ဆိုပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး စစ်တပ်က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စစ်တပ်က မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့ တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစလို့ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး

Read More
နိုင်ငံတကာ နိုင်ငံရေး

ငြိမ်းချမ်းရေး အစီအစဥ်အတွက် ထရမ့်က ဟားမတ်စ် ကို ၄ ရက် အချိန်ပေး၊ ဟားမတ်စ်ဘက်က သဘောမတူရင် “အလွန်ဝမ်းနည်းဖွယ် အဆုံးသတ်လိမ့်မယ်’’ လို့ ထရမ့်ပြော

စက်တင်ဘာ ၃၀ – ၂၀၂၅ အချက် ၂၀ ပါ ဂါဇာ ငြိမ်းချမ်းရေး အစီအစဥ်အပေါ် ဟာမတ်စ်အဖွဲ့ က သ‌ဘောတူ/မတူ တုံ့ပြန်ဖို့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန် “သုံးရက်ကနေ လေးရက်” သတ်မှတ်လိုက်ပါတယ်။ ဟာမတ်စ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချပါက “အလွန်ဝမ်းဖွယ် အဆုံးသတ်လိမ့်မယ်” လို့ ထရမ့်က ပြောကြားပါတယ်။မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်က ဟာမတ်စ်အနေနဲ့ သဘောတူညီ ချက်ကို ပယ်ချပါက “သူတို့ လုပ်ရမယ့်အရာကို လုပ်ဖို့ အစ္စရေးကို အပြည့်အဝ ထောက်ခံ ပေးမယ်” လို့ ပြောပါတယ်။ အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပြီး

Read More
နိုင်ငံရေး ပြည်တွင်း

မဲစာရင်းတွေ ကြည့်နိုင်ပြီလို့ UEC ထုတ်ပြန်

စက်တင်ဘာ ၃၀ – ၂၀၂၅ ဒီဇင်ဘာ ၂၈ ပထမအသုတ်ရွေးကောက်ပွဲ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ ကပ်ထားမှာ ဖြစ်တယ်လို့ စစ်ကော်မရှင် ရဲ့ ပြည်ထောင်စု ရွေးကောက်ကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန်ထားပါတယ်။ ကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ မကပ်ထားနိုင်ဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် ရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ တကယ်လို့ မဲစာရင်းမှာ မပါဝင်တဲ့ သူတွေနဲ့ ပုံစံ ၃ နဲ့ တောင်းဆို နိုင်ကြောင်းနဲ့ မပါဝင်သင့်တဲ့သူတွေ ပါနေရင် ပုံစံ

Read More