တွန်းဇံမြို့ကို စစ်တပ်နဲ့ ZRA တပ်တွေ ပြန်ထိန်းချုပ်
မေ ၂၀ – ၂၀၂၆ ချင်းပြည်နယ်ထဲက ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတဲ့ တွန်းဇံမြို့ကို စစ်တပ်နဲ့ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA-EC) ပူးပေါင်း အဖွဲ့က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည် သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က လေကြောင်း ပစ်ကူ ဆက်တိုက်သုံးခဲ့သလို အင်အား အများ အပြားနဲ့ မြေပြင် စစ်ကြောင်းထိုးပြီး ZRA-EC အဖွဲ့နဲ့ပါ ပူးပေါင်း ထိုးစစ် ဆင်တိုက်ခိုက် ခဲ့တာကြောင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဟာ တွန်းဇံမြို့ကို လက်လွှတ်ပြီး နောက်ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ မနေ့ညကတည်းက သတင်းရပါတယ်။ ။ ချင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ကနေ
