သတင်း

နိုင်ငံတကာ နိုင်ငံရေး

အသက်ရှင်ကျန် အစ္စရေး ဓားစာခံ အားလုံး ပြန်လွတ်ပြီ

အောက်တိုဘာ ၁၃ – ၂၀၂၅ ဟားမတ်စ်တို့ ဖမ်းဆီးထားခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ နောက်ဆုံး ဓားစာခံ အယောက် ၂၀ ကို အစ္စရေးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုတွေ အတွင်း ဟားမတ်စ်တို့က ဓားစာခံတွေကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ဦး ထဲက လေးဦး ရဲ့ ရုပ်အလောင်းတွေကိုသာ ဒီကနေ့ လွှဲပြောင်းပေမယ်လို့ သိရပြီး ဟားမတ်စ်ဘက်က ကျန် ရုပ်အလောင်းတွေကို ဆက်လက် လွှဲပြောင်း‌ပေးရမှာ ဖြစ်ပါတယ်။ ဓားစာခံများ လဲလှယ်မှုအဖြစ်၊ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ

Read More
နိုင်ငံရေး ပြည်တွင်း

NCA ၁၀ နှစ်ပြည့် အခမ်းအနား မတက်ကြဖို့ တိုက်တွန်းချက်ကို KNU အပါအဝင် တိုင်းရင်းသား ၆ ဖွဲ့ ပူးတွဲထုတ်ပြန်

အောက်တိုဘာ ၁၃ – ၂၀၂၅ နေပြည်တော်မှာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပမယ့် တနိုင်ငံတိုက်ခိုက်မှု အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနား ကို မတက်ရောက်ဘဲ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်တွေကို NCA လက်မှတ်ထိုး ၆ ဖွဲ့ကနေ တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုဟာ NCA ကို ဖျက်ဆီးလိုက်တာ ဖြစ်ပြီး အကောင်အထည်ဖေါ်မှု လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းသွားကာ စက္ကူစုတ် တခု ဖြစ်သွဦးပြီလို့ ဖေါ်ပြထားပါတယ်။ စစ်ကော်မရှင် ဘက်တော့ NCA ၁၀ နှစ်မြောက်အတွက် NCA လက်မှတ်ထိုး အဖွဲ့တွေရော မက်မှတ်မထိုး

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၃ – ၂၀၂၅

ရွှေစျေး – ၈၃ သိန်း ၂ သောင်းဒေါ်လာ – ၄၀၇၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ဒီဇယ် – ၂၅၀၅—————-မနေ့ကစျေးရွှေစျေး – ၈၂ သိန်း ၈ သောင်းဒေါ်လာ – ၄၀၅၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ဒီဇယ် – ၂၅၀၅

Read More
နိုင်ငံတကာ နိုင်ငံရေး

ဂါဇာစီးတီးမှာ ဟားမတ်စ်နဲ့ လက်နက်ကိုင် မျိုးနွယ်စုဝင်တွေ အကြား တိုက်ပွဲ ဖြစ်ပွား၊ အနည်းဆုံး ၂၇ ဦးသေဆုံး

အောက်တိုဘာ ၁၂ – ၂၀၂၅ ဂါဇာကမ်းမြှောင်ဒေသ ကနေ အစ္စရေး တပ်တွေ ပထမအဆင့် ဆုတ်ခွာသွားပြီး နောက် ဂါဇာစီးတီးမှာ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ Dughmush မျိုးနွယ်စုဝင် လက်နက်ကိုင်တွေ အကြေား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ရာ လူ ၂၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ ဟားမတ်စ် လက်နက်ကိုင်တွေက မြို့တွင်းရှိ ဂျော်ဒန်ဆေးရုံ အနီးမှာ လက်နက်ကိုင် မျိုးနွယ်စုတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦး ပြောတာက လုံခြုံရေးယူနစ်တွေ ကနေ လက်နက်ကိုင် မျိုးနွယ်စုတွေကို ဝိုင်းဖမ်းဖို့ ကြိုးပမ်းရာ အပြင်းအထန် တိုက်ခိုက်မှုတွေ

Read More
သတင်း

သမ္မတထရမ့် အရှေ့အလယ်ပိုင်းဒေသကို ထွက်ခွာ၊ ဓားစာခံ မိသားစုတွေနဲ့ တွေ့မယ်၊ အစ္စရေး လွှတ်တော်မှာ စကားပြောမယ်၊ အီဂျစ်မှာ ထိပ်သီးအစည်းအဝေး တက်မယ်

အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အရှေ့အလယ်ပိုင်း ‌ဒေသကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နဲ့ ပတ်သက်တဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် တက်ရောက်မယ့် ဒီထိပ်သီး အစည်းအဝေး မတက်ရောက်ခင် သူဟာ အစ္စရေးနိုင်ငံမှာ ဓားစာခံ မိသားစု တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အစ္စရေး လွှတ်တော်မှာလည်း မိန့်ခွန်း ပြောကြား မှာ ဖြစ်ပါတယ်။ အစ္စရေးအစိုးရ ပြောခွင့်ရသူက ဂါဇာမှာ ဖမ်းဆီးထားတဲ့ အသက်ရှင်လျက်

Read More
နိုင်ငံတကာ

အစ္စရေး ဓားစာခံတွေကို တနင်္လာနေ့ မနက်ပိုင်း အကုန် ပြန်လွှတ်ဖို့ရှိ၊ ထရမ့်က အရှေ့အလယ်ပိုင်း ခရီးစဉ် အတွက် ပြင်ဆင်

အောက်တိုဘာ ၁၂ – ၂၀၂၅ ဟားမတ်စ် ကနေ အသက်ရှင်လျက်ရှိတဲ့ အစ္စရေး ဓားစာခံ ၂၀ စလုံးကို တနင်္လာနေ့ မနက်ပိုင်းမှာ တပေါင်းတည်း ပြန်လွှတ်ပေးမယ်လို့ အစ္စရေး တို့က မျှော်လင့်ထားကြပါတယ်။ သေဆုံးသွားတဲ့ ဓားစာခံ ရုပ်အလောင်းတွေကိုတော့ ခေါင်းတလား တွေနဲ့ သယ်ဆောင်ကာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေး အတည်ပြု နိုင်ဖို့ မှုခင်းဆေးပညာဆိုင်ရာ အင်စတီကျူးရှင်းကို ပို့ဆောင်မယ်လို့ အစ္စရေး အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ သောကြာနေ့က စတင် အသက်ဝင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ၊ ဟားမတ်စ် တို့က မနက်ဖြန် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ပြီး အစ္စရေး ဓားစာခံအားလုံးကို ပြန်လည်

Read More
နိုင်ငံတကာ

တရုတ်က မြေရှားသတ္တု ကန့်သတ်လိုက်လို့ ထရမ့်က တရုတ်အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်မယ်လို့ ခြိမ်းခြောက်

အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က လာမည့်နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်သွင်းကုန်တွေ အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ ကနေ မြေရှားသတ္တု (rare earths) ပို့ကုန် စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့ အတွက် ဒါကို တရုတ်အနေနဲ့ “အလွန် ရန်လိုလာ နေတယ်” လို့ ထရမ့်က စွပ်စွဲကာ ကမ္ဘာကို “ချုပ်ကိုင်ဖို့” ကြိုးပမ်း နေတယ်လို့ သောကြာနေ့မှာ ဆိုရှယ်မီဒီယာကနေ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံမယ့် အစည်းအဝေး ကနေ နုတ်ထွက် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဖျက်သိမ်းခြင်း

Read More
ပြည်တွင်း

Starlink ကိစ္စ PDF ရဲဘော်တွေကို အရေးယူမယ်၊ Starlink ပိုင်ရှင်ကိုလည်း အရေးယူမယ်

အောက်တိုဘာ ၁၂ – ၂၀၂၅ လိုင်းပေါ်မှာ ဒီကနေ့ ပျံ့နှံ့ထွက်ပေါ်လာတဲ့ စဥ့်ကူးမြို့နယ် ရွာတရွာ မှာ Starlink Internet ကို မနေ့က သွားရောက် သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး အခြေ အတင် ဖြစ်ကြရာမှာ PDF ပအဖ ပလဖ ရဲဘော်တွေ အနေနဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့တဲ့ အတွက် သတိပေး အရေးယူမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NUG စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် လုံခြုံရေး အရ Starlink Internet ကို စည်းကမ်းနဲ့ အညီ အသုံးမပြုတဲ့ Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

Read More