သတင်း

နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ်လက်မခံရင် – ဘာတွေဖြစ်မလဲ – ကိုအောင်မိုးဝင်းနဲ့ မေးမြန်းခန်း

‘’ဟားမတ်စ်ကို ဒီတပွဲမှာ အပြတ်ရှင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိပြီးသား…’’‘’တတိယပြဿနာက တိုနီဘလဲ တို့ ပါလာတာ…’’ ကိုအာင်မိုးဝင်း (အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ) ဟားမတ်စ်လက်နက်ချရမယ့် ဂါဇာကို ထရမ့်ရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိမယ့် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် က လက်ခံနိုင်မလား – လက်မခံရင် ဘာတွေ ဆက်ဖြစ်မလဲ…ထရမ့် နဲ့ နေတန်ယာဟုတို့ ရဲ့ တကယ့်ရည်မှန်းချက်ကဘာလဲ…ငြိမ်းချမ်းရေး အတွက် အဓိက ဖြေရှင်းရမှာကဘာလဲ… အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ ကိုအောင်မိုးဝင်း မေးမြန်း တင်ဆက်ထားပါတယ်။

Read More
နိုင်ငံတကာ

အမေရိကန် အစိုးရ ရပ်ဆိုင်း၊ အစိုးရ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ မသေချာ၊ ဝန်ထမ်း ၇ သိန်းခွဲ အလုပ် ယာယီရပ်နား

အောက်တိုဘာ ၂ – ၂၀၂၅ အမေရိကန် ဖက်ဒရယ် ဘဏ္ဍာငွေ ဥပဒေကို ကွန်ဂရက်အမတ်တွေက နောက်ဆုံး အချိန်မီ သဘောတူညီချက် ရဖို့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အမေရိကန် အစိုးရ ဟာ ၇ နှစ်နီးပါး အတွင်း ပထမဆုံးအကြိမ် အဖြစ် လုပ်ငန်းတွေ ရပ်ဆိုင်း သွားခဲ့ ပါပြီ။ အခုအခါ ဖက်ဒရယ်ဝန်ထမ်း ၇ သိန်းခွဲ့ အလုပ်ကနေ ခေတ္တ အနားပေး လိုက်ရပါတယ်။ ဒီကနေ အလုပ်ထုတ်ခံရတွေ ဖြစ်နိုင်ပြီး၊ အမျိုးသား ဥယျာဉ်တွေနဲ့ ပြတိုက်တွေ လည်း ပိတ်သွားနိုင်ပါတယ်။အရင် အစိုးရ ရပ်ဆိုင်းမှုတွေ တုန်းကတော့ ဝန်ထမ်းရှားပါးမှုကြောင့် လေကြောင်း ခရီးသွားလာရေး အနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ဖူး ပါတယ်။ ဒီမိုကရက် နဲ့ ရီပတ်ဘလီကန်

Read More
နိုင်ငံတကာ သတင်း

အမေရိကန် အစိုးရ ဘတ်ဂျက် အတည်မပြုနိုင်သေးလို့ ရန်ကုန်က အမေရိကန် သံရုံး ဖေ့စ်ဘွတ်မှာ ပို့စ်တင်တာ ခေတ္တရပ်နားမယ်

အောက်တိုဘာ ၁ – ၂၀၂၅ အမေရိကန်အစိုးရ ဘတ်ဂျက်ကို လွှတ်တော်မှာ အတည်မပြုနိုင်သေးတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်မှာ အကြောင်း အရာ အသစ်တွေ တင်တော့မှာ မဟုတ်ကြောင်း သံရုံးက ထုတ်ပြန်ထား ပါတယ်။ ဒါပေမယ့်လို့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်း အချက် အလက်တွေကိုတော့ ထုတ်ပြန်မှာ ဖြစ်ကြောင်း ဖေါ်ပြထား ပါတယ်။အခုအချိန်မှာ အမေရိကန်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်း ယူထားတဲ့ နိုင်ငံကူးလက်မှတ် (passport) နဲ့ ဗီဇာ (visa) ဝန်ဆောင်မှုတွေ ကိုတော့ အခြေအနေခွင့်ပြုချက်အရ ဆက်လက် ဆောင်ရွက် ပေးသွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

တာချီလိတ်မှာ မိုးသည်းလို့ မကာအိုခမ်း ရပ်ကွက်ရေကြီး၊ ကျောင်းသူ ကျောင်းသားတွေကို နေရာ ပြောင်းရွှေ့

အောက်တိုဘာ ၁ – ၂၀၂၅ ဒီကနေ့ မနက် ၁၀ နာရီလောက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာလို့ မကာအိုခမ်းရပ်ကွက်မှာ ရေကြီးမှု ဖြစ်ပွားခဲ့ ပါတယ်။ ဒီအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း က ကျောင်းသူ ကျောင်းသားတွေကို မီးသတ် စက်လှေ(၃)စီး နဲ့ ရေဘေးလွတ်ရာ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ တာချီလိတ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထား ပါတယ်။

Read More
War နိုင်ငံရေး

ကျောက်မဲမြို့ထဲကို စစ်တပ်က မီးလောင်ဗုံး နဲ့ တိုက်ခိုက်လို့ ဌာန ဆိုင်ရာရုံးတွေ မီးလောင်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်ကနေ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ဌာနဆိုင်ရာရုံး တချို့ မီးလောင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြို့တွင်း နေရာ တချို့ နဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်း နေရာတွေ မီးလောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့နယ်ကို သာလွန်အင်အား အပါအဝင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုပြီး ရမ်းသန်း ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အများပြည်သူ အနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကတော့ ကျောက်မဲမြို့အနီး ပင်တီးကျေးရွာ

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁ – ၂၀၂၅

ရွှေစျေး – သိန်း ၈၀ နဲ့ ၃ သောင်းဒေါ်လာ – ၄၀၈၀ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၉၂၀ / 95 – ၂၉၈၀ ဒီဇယ် – ၂၅၈၀ မနေ့ကစျေးရွှေစျေး – သိန်း ၈၀ နဲ့ ၃ သောင်းဒေါ်လာ – ၄၁၅၀ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၉၂၀ / 95 – ၂၉၈၀ဒီဇယ် – ၂၅၈၀

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ဖိလစ်ပိုင်မှာ ပြင်းအား ၆.၉ ငလျင်လှုပ်လို့ လူ ၂၆ ဦးထက်မနည်း သေဆုံး၊ ‘ဘေးအန္တရာယ်အရေးပေါ်အခြေအနေ’ ကြေညာ

အောက်တိုဘာ ၁ – ၂၀၂၅ ဖိလစ်ပိုင်အလယ်ပိုင်း မှာ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် ကြောင့် လူ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။ဘိုဂိုမြို့နဲ့ တခြား ထိခိုက်ခဲ့တဲ့ မြို့တွေ မြို့နယ်တွေမှာ ငလျင်ကြောင့် ‘ဘေးအန္တရာယ် အရေးပေါ်အခြေအနေ’ ကြေညာခဲ့ပါတယ်။ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မထိုးမီ စီဘူးမြို့ ကမ်းလွန်မှာ ငလျင် လှုပ်ခတ်ခဲ့ရာ လျှပ်စစ် ပြတ်တောက်မှုတွေ ဖြစ်ပေါ်ပြီး အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။အခုတော့ ဆူနာမီ သတိပေးချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး “ပင်လယ်ရေမျက်နှာပြင် အနည်းငယ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေ လုံးဝ ကင်းလွတ်သွားပြီ” လို့

Read More
War နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော

အောက်တိုဘာ ၁ – ၂၀၂၅ ဟာမတ်စ် ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ်ဟာ “အစ္စရေးရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုပြီး” “ပါလက်စတိုင်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်” လို့ ပြောကြားကာ ဟားမတ်စ် အနေနဲ့ ဒီ အစီအစဥ်ကို ပယ်ချဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အစီအစဥ်ထဲက အဓိက အချက်တချက်ဖြစ်တဲ့ လက်နက်ချခြင်းနဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်ခြင်း ကို ဟားမတ်စ် တို့က သဘောတူ မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ ဟားမတ်စ်က ဂါဇာမှာ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ဖြန့်ကျက် ချထားမှာကိုလည်း ကန့်ကွက်ကြောင်း သိရပြီး၊ ဒါဟာ ဂါဇာကို သိမ်းပိုက်တဲ့ ပုံစံသစ် အဖြစ် ဟားမတ်စ်တို့က ရှုမြင်ပါတယ်။အစ္စရေးဝန်ကြီးချုပ်

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ပါတီကနေ PDP ပါတီ ပြောင်းသွားတဲ့ ဗီဗီချမ်း – ဘာကြောင့် ဘယ်လို – မေးမြန်းခန်း

‘’ကျွန်မ က ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေမို့လို့…’’နောက်တကြိမ် မတူညီတဲ့ နည်းလမ်းနဲ့ ကြိုးစားကြရအောင်လို့…’’ဗီဗီချမ်း (PDP ပါတီ) ဘလော့ဂါ ကနေ နိုင်ငံရေးထဲ ဝင်ရောက်လာပြီး ပြည်သူ့ပါတီဝင် ဖြစ်လာတဲ့ ဗီဗီချမ်း၊ သိပ်မကြာခင်မှာပဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ PDP ကို ကူးပြောင်းသွားပြီး အခုတော့ PDP ကနေ ပြည်သူ့လွှတ်တော်ကနေ ဝင်အရွေးခံမယ်လို့ သိရပါတယ်။ အခုလို အချိန် ခဏတာအတွင်း ပါတီ အပြောင်းအလဲ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ…ပြည်သူ့ကိုယ်စားလှယ် ဝင်အရွေးခံဖို့ ဘယ်လိုဖြစ်လာခဲ့လဲ၊ ဘာတွေ ရည်မှန်းထားလဲ ဆိုတာ ဗီဗီချမ်းကို မေးမြန်းတင်ဆက်ထားပါတယ်။

Read More