ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက် KK Park က ကျားဖျန့်တွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်း ပြီးနောက် အဲဒီကနေ ထိုင်းနိုင်ငံ ဘက် ထွက်ပြေားလာကြတဲ့ နိုင်ငံခြားသား ၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ခိုလှုံခွင့်ပေးထားတယ်လို့ Khaosod ထိုင်သတင်းမှာ ဖေါ်ပြထားပါတယ်။
ထိုင်းလုံခြုံရေး အာဏာပိုင်တွေက မဲဆောက်မြို့နယ်မှာ ယာယီခို လှုံရာ စခန်း လေးခု ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ၅၀၀ ကျော်ကို ခိုလှုံခွင့် ပေးထား ပေမယ့် ထွက်ပြေးလာသူ ဆက်လက်တိုးလာနိုင်တာကြောင့် စခန်းမှာ လူတွေ ထပ်မထား နိုင်တော့မယ့် အခြေအနေမျိုး ရင်ဆိုင် နေရတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
Ref: Khaosod
—————————
THN Public Media
