နေပြည်တော်မှာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပမယ့် တနိုင်ငံတိုက်ခိုက်မှု အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနား ကို မတက်ရောက်ဘဲ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်တွေကို NCA လက်မှတ်ထိုး ၆ ဖွဲ့ကနေ တိုက်တွန်းလိုက်ပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုဟာ NCA ကို ဖျက်ဆီးလိုက်တာ ဖြစ်ပြီး အကောင်အထည်ဖေါ်မှု လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းသွားကာ စက္ကူစုတ် တခု ဖြစ်သွဦးပြီလို့ ဖေါ်ပြထားပါတယ်။
စစ်ကော်မရှင် ဘက်တော့ NCA ၁၀ နှစ်မြောက်အတွက် NCA လက်မှတ်ထိုး အဖွဲ့တွေရော မက်မှတ်မထိုး အဖွဲ့တွေ အကုန်လုံးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း အခမ်းအနားအပြီး ငြိမ်ချမ်းရေး ဆွေးနွေး ပွဲတွေကို ၁၇ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။
