နိုင်ငံရေး ပြည်တွင်း

NCA ၁၀ နှစ်ပြည့် အလုပ်ရုံ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကြံပြုချက် (၄၈) ချက် နဲ့ စီးပွါးရေး အကြံပြုချက် (၅၃) ချက် ရရှိကြောင်းထုတ်ပြန်

အောက်တိုဘာ ၁၇ – ၂၀၂၅

အောက်တိုဘာ ၁၅ ရက်နေ့က NCA ၁၀ နှစ်ပြည့် အခမ်းအနား အပြီး ‘’ငြိမ်းချမ်းတဲ့ အနာဂတ် တည်ဆောက်ခြင်း’’ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့ အထိဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲကနေ နိုင်ငံရေး နိုင်ငံရေး ကဏ္ဍမှာ အကြံပြုချက် (၄၈)ချက်နဲ့ စီးပွားရေး ကဏ္ဍမှာ (၅၃)ချက် ရရှိခဲ့ကြောင်း NSPNC အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အခုရရှိခဲ့တဲ့ အချက်တွေရဲ့ အသေးစိတ်ကို တော့ ထုတ်ပြောခြင်း မရှိပေမယ့် ဒီအချက်တွေကို ရေတို ရေရှည် ဆက်လက် ညှိနှိင်း အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။

photo: Popular News Journal

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *