မနက်ဖြန် အောက်နိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံကနေ MRTV ကနေ တိုက်ရိုက် ထုတ်လွှင့် မယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် မိတ်ဖက် ချန်နယ်တွေဖြစ်တဲ့ MWD Skynet Up to Date တို့ကလည်း ထုတ်လွှင့်သလို အွန်လိုင်းကနေလည်း တိုက်ရိုက်လွှင့်မယ်လို့ ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့ မှာတော့ အခမ်းအနား တက်ရောက် မယ့် သူတွေ နေပြည်တော်ကို ရောက်ရှိလာနေကြရာ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌဟောင်း မူတူးဆေးဖိုး ကိုလည်း တွေ့မြင်ရ ပါတယ်။
ဒါပေမယ့်လည်း KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၆ ဖွဲ့ကတော့ NCA ဟာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း နဲ့ အခု အခမ်းအနား ကို မတက်ရောက်ဖို့ နိုင်ငံတကာ နဲ့ သက်ဆိုင်သူ အားလုံးကို တိုက်တွန်းထားပါတယ်။
photo: TREND News
—————————
THN Public Media