အောက်တိုဘာ ၄ – ၂၀၂၅
PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ တို့ဟာ လက်နက် ခဲယမ်း တွေနဲ့ အတူ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာတယ်လို့ စစ်ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြန်ဝင်လာသူတွေထဲမှာ DPLA ၁၂ ဦး၊ KNDF ၁ ဦး၊ PNLO ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု ၁ ဦးနဲ့ PDF ၁၂ ဦး စုစုပေါင်း ၃၀ ဖြစ်ကြပြီး သူတို့ကို ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင် စစ်ဌာနချုပ်မှာ မိဘတွေထံ ပြန်လည် လွဲပြောင်းပွဲ ပြုလုပ် ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ပြန်ဝင်လာသူတွေကနေ AK-47 တလက်၊ M-22 သုံးလက်၊ ခဲယမ်း နဲ့ ဆက်စပ် ပစ္စည်းတွေကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူတို့ကို ဂုဏ်ပြုဆုငွေ ပေးအပ်ပြီး ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်း အပ်နှံ ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။