ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တအာင်းတပ်ဖွဲ့ က ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲ နဲ့ သီပေါ မြို့တွေကို မကြာသေးခင်က စစ်တပ် ကနေ ပြန်လည် ထိုးစစ်ဆင် ထိန်းချုပ်သွားတဲ့ အပေါ် ဒါဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကူညီပေးတာ လမ်းကြောင်းဖွင့်ပေး တာကြောင့် လက်လွှတ်လိုက်ရတာလို့ TNLA ပြောခွင့်ရသူရဲ့ ပြောဆိုမှုတွေ ကို SSPP က အပြင်း အထန် ကန့်ကွက်ကြောင်းနဲ့ တာဝန်ယူဖြေရှင်ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
TNLA ပြောခွင့်ရသူရဲ့ ဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ စွပ်စွဲ ချက်တွေ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ အကြား အထင်မှားစေတဲ့ အပြင် လူထု စည်းရုံးရေး ကျဆင်းစေအောင် ကြွက်မနိုင် ကျီမီးရှို့ တာလို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
