ပြည်တွင်း

Starlink ကိစ္စ PDF ရဲဘော်တွေကို အရေးယူမယ်၊ Starlink ပိုင်ရှင်ကိုလည်း အရေးယူမယ်

အောက်တိုဘာ ၁၂ – ၂၀၂၅

လိုင်းပေါ်မှာ ဒီကနေ့ ပျံ့နှံ့ထွက်ပေါ်လာတဲ့ စဥ့်ကူးမြို့နယ် ရွာတရွာ မှာ Starlink Internet ကို မနေ့က သွားရောက် သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး အခြေ အတင် ဖြစ်ကြရာမှာ PDF ပအဖ ပလဖ ရဲဘော်တွေ အနေနဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့တဲ့ အတွက် သတိပေး အရေးယူမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NUG စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လုံခြုံရေး အရ Starlink Internet ကို စည်းကမ်းနဲ့ အညီ အသုံးမပြုတဲ့ Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အတွက် စိတ်မကြောင်း ဖြစ်ရကြောင်းနဲ့ အခုလို ထပ်မဖြစ်အောင် အလေးပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *