ရွေးကောက်ပွဲ အပိုင်း ၂ အပြီး ပြည်သူ့ပါတီ အလားအလာ – ဦးကိုကိုကြီး နဲ့ မေးမြန်းခန်း
‘’လွှတ်တော်က လူထုနဲ့ နိုင်ငံတကာ ကိုးစားမှု ရဖို့ အပိုင်း ၂ အထိ မမြင် သေးဘူး…’’ ဦးကိုကိုကြီး (ပြည်သူ့ပါတီဥက္ကဌ) ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ပြည်ခိုင်ဖြိုးပါတီက လွှတ်တော် နေရာ အများစု အနိုင်ရနေ ပြီး လွှတ်တော်မှာ သမ္မတရွေးကာ အစိုးရဖွဲ့နိုင်တဲ့ အနေအထား ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိ အနိုင်အရှုံး အခြေအနေအောက်မှာ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ယှဥ်ပြိုင်ဖို့ ရှိတဲ့ ဦးကိုကိုကြီးနဲ့ သူ့ရဲ့ ပြည်သူ့ပါတီ အလားအလာ က ဘယ်လို ရှိလာ နိုင်မလဲ…ဘာတွေ မျှော်လင့်နေပြီး အပိုင်း ၃ အတွက် ဘာတွေ ပြင်ဆင်ထားလဲ…လွှတ်တော် နဲ့ အစိုးရ ကို တပါတီတည်းက
