ဒေါ်ကြည်ပြာ အမှု စစ်ဆေးမှု ၁ လပြည့် ရလဒ်ထုတ်ပေးဖို့ တိုင်ကြားသူတွေ တိုက်တွန်း၊ စုံခုံဘက်က ဒေါ်ကြည်ပြာရဲ့ တန်ပြန် တိုင်ကြားမှုကို စစ်ဆေးလို
ဒီဇင်ဘာ ၂၂ -၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ အဂတိလိုက်စားမှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး စုံခုံ စစ်ဆေးမှု ဒီကနေ့ ၁ လပြည့်ပြီဖြစ်လို့ စစ်ဆေးထားတဲ့ ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားထားသူတွေက ဒီကနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ စုံခုံရဲ့ စစ်ဆေးမှု အတွက် သတ်မှတ်ထားချိန်ဟာလည်း ၁ လဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တလ တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်ကြည်ပြာက တိုင်ကြားထားသူတွေကို တန်ပြန် တိုင်ကြားထားမှု အပေါ် စစ်ဆေးဖို့ စုံခုံဘက်က အလိုရှိနေပြီး စစ်ဆေးဖို့ ရက်ချိန်း ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
