ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်း ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်
ဒီဇင်ဘာ ၂၂ – ၂၀၂၅ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီးမှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်၊ ည ၇ နာရီကျော် ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အဲဒီပါတီရဲ့ ရန်ကုန်တိုင်းရုံး ဥက္ကဋ္ဌ ဦးလှဋ္ဌေးက ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုဟာ ပြည်သူ့ပါတီရုံးခန်း အတက်၊ အဆင်း လှေခါးဘေးအနီး တိုက် နှစ်လုံးကြားမှာ ဖြစ်ပွားခဲ့တာလို့ ဦးလှဋ္ဌေးက ပြောပါတယ်။ “ည ၇ နာရီမခွဲခင်လေးမှာ ဖြစ်သွားတာပါ။ တိုင်းရုံး အတက်၊ အဆင်းလှေကားနဲ့ ဟိုဘက်တိုက်မှာ ကြားလမ်းလေးတခု ရှိတယ်။ အနောက်ဘက်ကို ဝင်ထွက်သွားလာနေတဲ့ လမ်းပေါ့။ ကျွန်တော်တို့ တိုင်းရုံးရဲ့ အတက်၊ အဆင်းလှေကားထိပ်ဆုံး၊ အဲဒီ လမ်းကြားထိပ်မှာ
