War နိုင်ငံရေး

AA ထိန်းချုပ်ဒေသချို့ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အတွက် စစ်ရေးသတိရှိကြဖို့ AA ထုတ်ပြန်

အောက်တိုဘာ ၁၂ – ၂၀၂၅ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တချို့ကို စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်နေပြီး၊ စစ်သင်္ဘောတွေနဲ့ ပင်လယ်ပြင်ကနေ ရမ်းသန်းပစ်ခတ်နေတဲ့ အတွက် စစ်ရေး သတိ ရှိကြဖို့ကို AA က အောက်တိုဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း) တို့မှာလည်း စစ်တပ်ရဲ့ ထိုးစစ်ကို တန်ပြန်ထိုးစစ် ဆင်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွား ဖြစ်ပွားနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ နှစ်ဘက်စလုံး အတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ (၅) ခုမှာ အပြန် အလှန်

Read More
နိုင်ငံရေး ပြည်တွင်း

ကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိကြောင်း စစ်ကော်မရှင် ထုတ်ပြန်၊ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေလို့ဆို

အောက်တိုဘာ ၈ – ၂၀၂၅ အဖွဲ့က ရခိုင်ပြည်နယ်နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်မယ့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီး ရမိ ခဲ့ကြောင်းနဲ့ ဒါတွေဟာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ MRTV မှာ မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ရှမ်းပြည်နယ်က ဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ ကနေ ရခိုင်ပြည်နယ် နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်ဖို့ ဖြစ်ကြောင်း သတင်းရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ နစ်ဆန် ကားတစီး ပေါ်ကနေ

Read More
နိုင်ငံရေး ပြည်တွင်း

သတင်းထောက် အမျိုးသမီး မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်၊ ဖမ်းဆီးတာမဟုတ်ဘူးလို့ AA ပြော

စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို အာရက္ခတပ်တော် AA ကနေ ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ဒါဟာ ဖမ်းဆီးတာ မဟုတ်ဘဲ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ က ဒီကနေ့ ပြောကြားလိုက် ပါတယ်။ “ဒီသတင်းထောက်အမျိုးသမီးဟာ စစ်ပွဲကာလ လိုက်နာရမယ့် စည်းဘောင် တွေ ကျော်ပြီးတော့ အများပြည်သူလုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေလုပ်တဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့ စောင့်ကြည့်နေတာ ကြာပါပြီ။ အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူ စိစစ်ဖို့ လိုအပ် တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ ခေါ်ယူ စိစစ်နေတာသာ

Read More
ပြည်တွင်း သတင်း

Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာ ကို နေအိမ်ကနေ AA ခေါ်ဆောင်သွား၊ မမုဒြာ ကိုပြန်လွှတ်ပေးဖို့ မီဒီယာအဖွဲ့အစည်းတွေ တောင်းဆို

စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော် အချိန်လောက်မှာ မောင်တောမြို့ နေအိမ်ကနေ ULA/AA က လာရောက် ခေါ်ဆောင်သွားကြောင်း မနေ့ စတင်ဘာ ၂၂ ရက်နေ့မှာ Border News Agency ကနေ သတင်းထုတ်ပြန် ထားပါတယ်။ မမုဒြာ နဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာတွေ ရှိမယ်ဆိုရင် သက်ဆိုင် ရာပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့နောက် အမျှော်အမြင် ရှိစွာ၊ သဘောထားကြီးစွာနဲ့ အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှု အပေါ် တွင်

Read More
နိုင်ငံတကာ ပြည်တွင်း

မူးယစ်ဆေးဝါး မှောင်ခိုမှု AA ငြင်းဆို

စက်တင်ဘာ ၁၇ – ၂၀၂၅ မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ အာရက္ခတပ်တော် AA က ကူညီနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ရဲ့ ပြောကြားချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ငြင်းဆိုလိုက်ပါတယ်။ ” BGB က စွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါး တွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ အခြေအမြစ် မရှိ တဘက်သတ် လုပ်ကြံစွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ နယ်စပ်ကို ကျနော်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ် ” လို့ ဦးခိုင်သုခ က ပြောကြောင်း DMG

Read More