ထရမ့် နဲ့ ရှီကျင်ပင်း တွေ့ပြီ၊ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ ဆွေးနွေးမှု စတင်
အောက်တိုဘာ ၃၀ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်ပင်းတို့ဟာ တောင်ကိုရီးယား နိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီ ဖြစ်ပြီး နှစ်နိုင်ငံအကြား မကြာခဏဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရေး သဘောတူညီချက် တရပ်အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ APEC ထိပ်သီးအစည်းဝေးကို ဒီကနေ့ရောက်ရှိလာတဲ့ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ အဲဒီမှာ ရောက်ရှိနေတဲ့ သမ္မတ ထရမ့် တို့ ဘူဆန် လေဆိပ်မှာ တွေ့ဆုံ ကြတာပါ။ ထရမ့်ဟာ အခု အာရှခရီးစဉ်မှာ အခုအချိန်အထိ သူလိုချင်နေတာတွေကို ရရှိနေတာ ဖြစ်ပေမယ့် အခု ရှီကျင်ပင်း ကတော့ တခြား ခေါင်းဆောင်တွေလို ထရမ့် လိုချင်တာကို မျက်နှာသာပေး အလိုလိုက်
