Border

နိုင်ငံတကာ ပြည်တွင်း

မူးယစ်ဆေးဝါး မှောင်ခိုမှု AA ငြင်းဆို

စက်တင်ဘာ ၁၇ – ၂၀၂၅ မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ အာရက္ခတပ်တော် AA က ကူညီနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ရဲ့ ပြောကြားချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ငြင်းဆိုလိုက်ပါတယ်။ ” BGB က စွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါး တွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ အခြေအမြစ် မရှိ တဘက်သတ် လုပ်ကြံစွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ နယ်စပ်ကို ကျနော်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ် ” လို့ ဦးခိုင်သုခ က ပြောကြောင်း DMG

Read More