အီရန်ဒုံးကျည်တွေ လန်ဒန်အထိ ရောက်နိုင်လား
မတ်လ ၂၃ – ၂၀၂၆ မနေ့ညနေပိုင်းက အစ္စရေးစစ်တပ် IDF ရဲ့ ပြောကြားချက်အရ အီရန်မှာ အခု ဆိုရင် လန်ဒန်၊ ပါရီ ဒါမှမဟုတ် ဘာလင်မြို့တွေ အထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ရှိနေပြီလို့ သိရပါတယ်။ အီရန် တောင်ပိုင်း ကမ်းရိုးတန်း ကနေ မိုင်ပေါင်း ၂၃၅၀ ခန့်အကွာမှာရှိတဲ့ အမေရိကန်-ဗြိတိန် ပူးတွဲ စစ်အခြေစိုက်စခန်း ဒီယေဂို ဂါစီယာ Diego Garcia ကျွန်းကို အီရန်က ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ X လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့တဲ့နောက် အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။ အီရန်ရဲ့ ပစ်ခတ်မှုကတော့ အောင်မြင်မှု မရှိခဲ့ပါ။ တကယ်လို့ အီရန်ဒုံးကျည်တစင်းဟာ လန်ဒန်မြို့ကို
