တာချီလိတ်မှာ မိုးသည်းလို့ မကာအိုခမ်း ရပ်ကွက်ရေကြီး၊ ကျောင်းသူ ကျောင်းသားတွေကို နေရာ ပြောင်းရွှေ့
အောက်တိုဘာ ၁ – ၂၀၂၅ ဒီကနေ့ မနက် ၁၀ နာရီလောက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာလို့ မကာအိုခမ်းရပ်ကွက်မှာ ရေကြီးမှု ဖြစ်ပွားခဲ့ ပါတယ်။ ဒီအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း က ကျောင်းသူ ကျောင်းသားတွေကို မီးသတ် စက်လှေ(၃)စီး နဲ့ ရေဘေးလွတ်ရာ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ တာချီလိတ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထား ပါတယ်။