ပန်းဘဲတန်းမြို့နယ် 32nd Beauty Land Hotel မှာ အမျိုးသမီးငယ် တဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူနဲ့ ပူးပေါင်း ပါဝင်သူတို့ကို ဖမ်းဆီးမိ
အောက်တိုဘာ ၈ – ၂၀၂၅ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရန်ကုန် ပန်းဘဲတန်း မြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂) ပြတင်းပေါက် အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ် အတွင်းမှာ ခုတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ အမျိုးသမီး တဦး နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အောက်တိုဘာလ ၇ ရက်နေ့ ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံး အမျိုးသမီးမှာ ပဲခူးတိုင်း နတ်တလင်းမြို့နယ် က မစုမြတ်ဝင်း (၂၃) နှစ် ဖြစ်ကြောင်း နဲ့