ပြည်တွင်း
KNU ဝင်စီးမိထားတဲ့ DKBA အောက်က ကျားဖျန့် လုပ်ငန်းတွေကို နှိမ်နင်းရေး နိုင်ငံတကာက အမြန် ပူးပေါင်းပါဝင်ရန် KNU တောင်းဆို
- by AR-T
- November 25, 2025
- 0 Comments
နိုဝင်ဘာ ၂၅ – ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး KNU ဝင်စီးမိထားတဲ့ DKBA အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ) ဒေသက နိုင်ငံတကာရာဇ၀တ်မှုနဲ့ အွန်လိုင်း ငွေလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတကာ ကနေ အလေးအနက် နဲ့ မြန်မြန်ဆန်ဆန် ပူးပေါင်း ပါဝင်ပေးဖို့ KNU က ဒီကနေ့ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ ဖြစ်စဥ်မှာ မြဝတီတောင်ဘက် ဖလူး(မင်းလက်ပံ) ဒေသမှာ KNU က DKBA ကို တိုက်ခိုက်ရှင်းလင်းရာ DKBA အနည်းဆုံး ၂၃၀ လက်နက်ချပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) လုပ်ဆောင်နေတဲ့ ခြံဝင်း တခုကို တွေ့ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ခြံဝင်း အတွင်းက ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား
