နိုင်ငံရေး အင်တာဗျူး

NUCC အဖွဲ့ဝင် အဖြစ် ကနေ KNU နဲ့ KNPP ဘာလို့ ယာယီရပ်ဆိုင်းလဲ – NUCC ပြန်ဆွေးနွေးမယ် – NUCC ကောင်စီဝင် မနိုးနိုးထက်စံနဲ့ မေးထားသည်

နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ရဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အတွက် စုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကနေ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကနေ ယာယီရပ်ဆိုင်းတော့မယ်ဆိုပြီး NUCC ကို မကြာသေးခင်က စာတင်ခဲ့ပါတယ်။ အခုလို ယာယီရပ်ဆိုင်းတာ ဘာကြောင့်ပါလဲ… NUCC အနေနဲ့ ဘယ်လို သဘောထားပြီး ဘာတွေ ဆောင်ရွက်ဖို့ ရှိမလဲ ဆိုတာ NUCC ကောင်စီဝင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က) မနိုးနိုးထက်စံ ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

KNU က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၃၇ နှစ်ပြည့်အတွက် သဝဏ်လွှာပေးပို့ (အောက်တိုဘာ ၁၄ – ၂၀၂၄)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဟာ သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး သမိုင်းဖြတ်သန်းမှု အတွေ့အကြုံ ရှိတဲ့ ပါတီ တခုအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU က လေးစား အသိအမှတ် ပြုကြောင်းနဲ့ ပြည်သူ့တော်လှန်ရေးမှာ အတူအကွ ဆက်လက် တိုက်ပွဲဝင်ဖို့ကို တိုက်တွန်း ဂုဏ်ပြုထားပါတယ်။ ————————— THN Public Media

Read More