လွိုင်ကော်တက္ကသိုလ်ကို လုံခြုံရေးအပြည့်နဲ့ ပြန်ဖွင့်
အောက်တိုဘာ ၁၄ ၊ ၂၀၂၅ နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ လွိုင်ကော် တက္ကသိုလ်ကို လုံခြုံရေး အပြည့်အဝ ချကာ အောက်တိုဘာ ၁၃ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်ကာ အဝေးသင် ဒုတိယသုတ် ကျောင်းသားတွေကို အနီးကပ်သင်တန်း စတင် သင်ကြားပို့ချနေပြီဖြစ်တယ်လို့သိရပါတယ်။ လွိုင်ကော်တက္ကသိုလ် ဝန်းနဲ့ အပြင်ဘက် တလျှောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူပေးထားတာ ဖြစ်ကြောင်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။ ”တက္ကသိုလ်ကမနေ့က စဖွင့်တယ်။ အရင်ရက်က ဝန်ကြီးချုပ်လည်း လာသွားပြီး လိုအပ်တာတွေ လုပ်ပေးမယ်လို့ သိရတယ်။ တက္ကသိုလ်ဘက်မှာ လုံခြုံရေးတွေ ချပေးထားတယ်။ အရင်ကလည်း ကျောင်းဝန်းထဲမှာ တပ်နဲ့ရဲကတော့ ရှိတယ်။ အခုက အင်အား ဘယ်လောက်ချထားတယ် ဘာညာတော့ အတိအကျ မသိရပါဘူး။ တက္ကသိုလ်အနီးက လမ်းတွေထဲမှာလည်း