ပစ်ချခံရတဲ့ လေယာဥ်က ပျောက်ဆုံးနေတဲ့ လေယာဥ်မှူးကို အမေရိကန် ပြန်ကယ်တင်နိုင်
ဧပြီ ၅ – ၂၀၂၆ အီရန်နိုင်ငံထဲမှာ ပစ်ချခံလိုက်ရတဲ့ အမေရိကန် F-15 လေယာဥ် က ပျောက်ဆုံးနေတဲ့ အမေရိကန် လေယာဥ်မှူးကို အမေရိကန် ဘက်က ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ သူ့ကို ကယ်တင်နိုင်ခဲ့ပါပြီ။ မိဘပြည်သူတို့ခင်ဗျာ၊ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းမှာပဲ အမေရိကန် စစ်တပ်ဟာ အမေရိကန်သမိုင်းမှာ အန္တရာယ် အရှိဆုံး ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွေထဲက တခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။ အဲဒီလေသူရဲဟာ အလွန်လေးစားရတဲ့ ဗိုလ်မှူးကြီးတဦး ဖြစ်ပြီး ရန်သူတွေ ဝိုင်းရံနေတဲ့ အီရန်နိုင်ငံရဲ့ အန္တရာယ်များလှတဲ့ တောင်တန်းတွေကြားမှာ ပိတ်မိ နေခဲ့တာ
