Houthi

War နိုင်ငံတကာ

ဟူသီတွေက အစ္စရေးကို ဒုံးကျည်နဲ့ စတိုက်ပြီ

မတ်လ ၂၈ – ၂၀၂၆ အီရန် စစ်ပွဲ ၂ လထဲ ရောက်လာချိန်မှာတော့ ယီမင်နိုင်ငံမှာ ရှိတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကနေ အစ္စရေးကို ဒုံးကျည်နဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အီရန် စစ်ပွဲ စတင် ကတည်းက အစ္စရေးကို ပထမဆုံးအကြိမ်အဖြစ် ဟူသီ တို့က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လိုက်တာလည်း ပါတယ်။ ယီမင်ကလာတဲ့ ဒုံးကျည်တစင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောကြားပြီးနောက်မှာ ဟူသီအဖွဲ့က ‘’အစ္စရေးရဲ့ အရေးကြီး စစ်ရေးပစ်မှတ်တွေ” ကို ပဲ့ထိန်း ဒုံးကျည် အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အီရန်၊ လက်ဘနွန်၊ အီရတ်နဲ့ ပါလက်စတိုင်း နယ်မြေတွေကို ပစ်မှတ် ထား

Read More