Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာ ကို နေအိမ်ကနေ AA ခေါ်ဆောင်သွား၊ မမုဒြာ ကိုပြန်လွှတ်ပေးဖို့ မီဒီယာအဖွဲ့အစည်းတွေ တောင်းဆို
စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော် အချိန်လောက်မှာ မောင်တောမြို့ နေအိမ်ကနေ ULA/AA က လာရောက် ခေါ်ဆောင်သွားကြောင်း မနေ့ စတင်ဘာ ၂၂ ရက်နေ့မှာ Border News Agency ကနေ သတင်းထုတ်ပြန် ထားပါတယ်။ မမုဒြာ နဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာတွေ ရှိမယ်ဆိုရင် သက်ဆိုင် ရာပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့နောက် အမျှော်အမြင် ရှိစွာ၊ သဘောထားကြီးစွာနဲ့ အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှု အပေါ် တွင်