War နိုင်ငံရေး ပြည်တွင်း

ဖားကန့်မှာ စစ်တပ်စခန်း ၅ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဧပြီ ၄ – ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီ ၂ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ငါးခုကို တိုက်ခိုက် သိမ်းပိုက် ထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်း တို့ကို KIA ပူးပေါင်း တပ်ဖွဲ့တွေက ဧပြီ ၂ ရက် မနက် ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း၊ SNA တပ်စခန်းတချို့ နောက်ဆုတ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်

စက်တင်ဘာ ၂၁၊၂၀၂၅ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ထဲက စခန်းချို့ကို SNA ရှမ်းနီ အမျိုးသားတပ်မတော် ဘက်က လက်လွှတ်လိုက် ရပြီးနောက် KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။ SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာ ပေးလိုက် ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်း အထန် တိုက်ခိုက် နေကြတာဖြစ် တယ်လို့သိရပါတယ်။ ” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်စခန်း တချို့ လက်လွှတ် လိုက်ရတာပါ။ တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူ

Read More