နိုင်ငံတကာ နိုင်ငံရေး

သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်

စက်တင်ဘာ ၂၂ – ၂၀၂၅ ချာလီကာ့ခ် အတွက် အောက်မေ့ဖွယ် အခမ်းအနားကို အရီဇိုးနားပြည်နယ် State Farm အားကစားကွင်းမှာ ကျင်းပရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တက်ရောက်လာတဲ့ လူ ၁ သိန်း နီးပါး ရှေ့မှာ ကွန်ဆာဗေးတစ် လှုပ်ရှားသူ ချာလီ ကာ့ခ် ကို “ကြီးမြတ်တဲ့ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူး ပြောဆို လိုက်ပါတယ်။ “သူက အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်သူပါ” လို့ ထရမ့်က ကာ့ခ်အကြောင်း ပြောကြားခဲ့ပါတယ်။“ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်း အတွက် ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ထဲက ဘယ်သူမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ပ။ သမိုင်းကလည်း မမေ့ပါဘူး” လို ပြောကြားပါတယ်။

Read More