AI ဉာဏ်ရည်တုက ဂနို နဲ့ MRSA ပိုးတွေ အတွက် ပဋိဇီဝဆေးတွေကို ထုတ်လုပ်
စက်တင်ဘာ ၂၃ – ၂၀၂၅ဆေးယဉ်ပါးနေတဲ့ ဂနိုရီးယား လို့ ခေါ်တဲ့ လိင်မှတဆင့် ကူးဆက်တဲ့ ဆီးပူညောင်းကျ ရောဂါပိုး နဲ့ MRSA ဆိုတဲ့ ဆေးမတိုးတော့တဲ့ပိုး တွေကို သတ်နိုင်တဲ့ အလားအလာရှိတဲ့ ပဋိဇီဝဆေးသစ် နှစ်မျိုးကို AI ဉာဏ်ရည် တု က တီထွင်လိုက်ကြောင်း သုတေသီတွေ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။ ဒီဆေးဝါးတွေကို AI က အက်တမ် တခုချင်းစီနဲ့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုမှာ ဆေးမတိုးတဲ့ စူပါ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ဒါပေမယ့်လည်း ဒီဆေးနှစ်မျိုးကို လူနာတွေ အတွက် အသုံးပြုနိုင်ဖို့ ပြုပြင် မွမ်းမံမှုတွေနဲ့ ဆေးဝါး စမ်းသပ်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ဖို့