မြန်မာကလေး ၉ဝဝ နီးပါး သင်ကြားနေတဲ့ ထိုင်းနိုင်ငံ စမွတ်စခန် စာသင်ကျောင်း က ဆရာ ၂၇ ဦး ကို အဖွဲ့စုံက ဖမ်းဆီး
အောက်တိုဘာ ၁ဝ – ၂၀၂၅ ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊ ကရထုန်ဘဲန်မြို့နယ် ထာမိုင်း ရပ်ကွက် မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ် ၉ဝဝ နီးပါး တက်ရောက်နေတဲ့ စာသင်ကျောင်းကို အောက်တိုဘာလ ၉ ရက်နေ့က အဖွဲ့စုံကနေ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဆရာ ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း မတိချွန် သတင်းစာမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။ ဒီကျောင်းနေရာဟာ အရင်က ကျောင်းဖွင့်ခွင့် လိုင်စင် ရုပ်သိမ်းခံထား ရတဲ့ နေရာဖြစ်ပြီး ဒေသခံတွေ တိုင်ကြားခဲ့လို့ ထပ်မံ စစ်ဆေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ အဖွဲ့စုံက မနေ့က သွားရောက်စစ်ဆေးရာမှာ ကျောင်းသား ကျောင်းသူ ၉ဝဝ ကျော်နဲ့ စာသင်ကြားပေးနေတဲ့