သျှမ်းနှစ်သစ်ကူးပွဲ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်
နိုဝင်ဘာ ၂၁ – ၂၀၂၅ လင်းခေးမြို့နယ် နားကုန်းကျေးရွာမှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ် သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့က RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက် ခဲ့ပါတယ်။ အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး ယွက်စစ် က မိမိတို့ ဒေသတွင်း တိုင်းရင်းသား အချင်းချင်း ချစ်မြတ်နိုးကြဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ အမှားတွေ ပြုပြင်ကြဖို့နဲ့ အချင်းချင်းဖေးမ ကူညီကြဖို့ကို အဓိကထား ပြောကြားသွားခဲ့ပါတယ်။ တဆက်တည်းမှာပဲ သျှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အနေနဲ့ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ ဝမ်တိန်း ကျေးရွာရှိ ရှေးဟောင်း မွေတော်ဝမ်တိန်းစေတီ ထီးတော်တင်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ဗိုလ်ချုပ်ကြီး ယွတ်စစ် က ထီးတော်တင်လှူ ပူဇော်ပြီး ရေစက်ချ
