နယူးယောက် LaGuardia လေဆိပ် လေယာဥ်ပြေးလမ်းမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိလို့ လေယာဉ်မှူး နှစ်ဦး သေဆုံး
မတ်လ ၂၃ – ၂၀၂၆ နယူးယောက်မြို့ LaGuardia လေဆိပ်မှာ လူအများအပြား တင်ဆောင် လာတဲ့ Air Canada လေယာဉ် တစင်းဟာ ပြေးလမ်းမှာ မီးသတ်ကား တစီးနဲ့ တိုက်မိခဲ့လို့ လေယာဉ်မှူး နှစ်ဦး သေဆုံးသွားခဲ့ ပါတယ်။ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Kathryn Garcia ကတော့ ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၄၁ ဦးကို ဆေးရုံတင်ခဲ့ရပြီး၊ အဲဒီထဲက ၃၂ ဦး ကတော့ ဆေးရုံက ဆင်းသွားနိုင်ပြီ ဖြစ်ပေမဲ့ ကျန်တဲ့ သူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ အတည်ပြုပါတယ်။ LaGuardia လေဆိပ်ကို ဒေသစံတော်ချိန် တနင်္လာနေ့ နေ့လယ် ၂ နာရီ အထိ ပိတ်ထားဦးမှာ ဖြစ်ကြောင်း
