နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန်
နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန် အောက်တိုဘာ ၈ – ၂၀၂၅ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ၅၀၅-က/ ပေါက်ကွဲ-၅ အမှုတို့နဲ့ ထောင်ဒဏ် (၈)နှစ် အကျဉ်းချ ခံထားရတဲ့ အသက် (၄၈) နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၄ ရက်နေ့က နှလုံး ဆီးချို ကျောက်ကပ်ရောဂါ နဲ့ ထောင်ထဲမှာ အသက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကိုအောင်ကိုဦးဟာ ၂၀၂၁ အစောပိုင်းကာလမှာ စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ ပြီးနောက် ၂၀၂၁ မေလ (၁၄) ရက်နေ့မှာ