စစ်ကော်မရှင် ဥက္ကဌ ရုရှားနိုင်ငံ ထပ်သွားမယ်
စက်တင်ဘာ ၂၃ – ၂၀၂၅ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက် အရ မြန်မာစစ်ကော်မရှင် ဥက္ကဌ ဟာ ရုရှားနိုင်ငံကို မကြာခင် အလုပ်သဘော ခရီးသွားရောက်မှာ ဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ မော်စကိုမှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူ သတင်းပတ် ဖိုရမ် World Atomic Week 2025 ကို တက်ရောက်ဖို့ ရုရှားကို သွားရောက်မှာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ စစ်ကော်မရှင် ဥက္ကဌဟာ အဏုမြူ ဖိုရမ် အပြင် ရုရှားသမ္မတ နဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။