နိုင်ငံတကာ သတင်း

ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်တဲ့အထိ ကမ္ဘာမှာ ပထမဆုံး ချမ်းသာသူ အီလွန်မတ်စ် ဖြစ်လာ

အောက်တိုဘာ ၃ – ၂၀၂၅ Tesla လျှပ်စစ်ကား ကုမ္ပဏီ ပိုင်ရှင် ဘီလျံနာကြီး အီလွန်မတ်စ် ဟာ ထရီလီယံ တဝက် (ဒေါ်လာ ဘီလီယံ ၅၀၀) ကို ကမ္ဘာပေါ်မှာ ပထမဆုံး ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဒေါ်လာ ဘီလီယံ ၅၀၀ ကြွယ်ဝချမ်းသာသူ ခဏ ဖြစ်ခဲ့ပြီး အခုတော့ ဒေါ်လာ ၄၉၉ ဘီလီယံသို့ ပြန်ကျသွားခဲ့ပါတယ်။အီလွန်မတ်စ်ဟာ ဒေါ်လာ ထရီလီယံ ၁.၅ ကျော် တန်ဖိုးရှိတဲ့ Tesla ကုမ္ပဏီ ၁၂% ကို ပိုင်ဆိုင်ထားပြီး၊ လျှပ်စစ်ကား ရှယ်ယာဈေးနှုန်း မြင့်တက် လာတာ ကြောင့် သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှု ဟာ အခုနှစ်မှာ ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Read More