ရော့ခ်တေးရေးဆရာ သော်ဒီဝေ ကွယ်လွန်
အောက်တိုဘာ ၁၆ – ၂၀၂၅ မြန်မာ့ရော့ခ်ဂီတ လောကအတွက် သီချင်းပေါင်း များစွာ ရေးသားခဲ့သူ ဆရာ သော်ဒီဝေဟာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ဂီတအသိုင်းအဝိုင်းက သိရပါတယ်။ ဆရာသော်ဒီဝေဟာ နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဆရာသော်ဒီဝေ ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ဂီတမှူး နိုင်ဇော်က “တေးရေးဆရာ ကိုသော်ဒီဝေ ပြင်ဦးလွင်က အောင်သစ္စာဆေးရုံမှာ ညနေ ၄ နာရီခွဲက ကွယ်လွန်သွားကြောင်း သိရလို့ ဝမ်းနည်းမိပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။ ဆရာသော်ဒီဝေဟာ