မျက်ရည်များနဲ့ ပျော်ခဲ့ရတဲ့ အာဆီယံ မိသားစုဝင် အရှေ့တီမော
အောက်တိုဘာ ၂၆ – ၂၀၂၅ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဒီကနေ့ စတင်လိုက်တဲ့ ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီး အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲမှာ အရှေ့တီမော နိုင်ငံကို အာဆီယံ ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တဲ့ အပေါ် အရှေ့တီမော ဝန်ကြီးချုပ် ရှာနာနာ ဂွတ်ရှ်မောင်း ဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်များပင် ကျခဲ့ပါတယ်။ ၁၄ နှစ်တာ မျှော်လင့်စောင့်စားခဲ့ရပြီးနောက် အခုတော့ အရှေ့တီမော ဟာ အာဆီယံ တင်းပြည့် အဖွဲ့ဝင် ဖြစ်ခဲ့ပါပြီ။ အဖွဲ့ဝင် ဖြစ်ပြီ ဖြစ်ကြောင်း သမိုင်းဝင် ကြေညာချက်ကို ပြုလုပ်ပြီးတာနဲ့ တပြိုင်နက် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာရှိ နိုင်ငံတကာ မီဒီယာစင်တာ
