သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်
စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့