ယူကရိန်းဆွေးနွေးပွဲ အတွက် ပူတင်နဲ့ ဟန်ဂေရီမှာ တွေ့မယ်လို့ ထရမ့် ပြောကြား
အောက်တိုဘာ ၁၇ – ၂၀၂၅ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မနေ့က တယ်လီဖုန်း ပြောကြားရာမှာ “ကြီးမားတဲ့ တိုးတက်မှု” တွေ ရရှိ ခဲ့ပြီး၊ ဟန်ဂေရီ နိုင်ငံမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ကြဖို့ သဘောတူခဲ့ ကြောင်း ပြောကြားလိုက်ပါတယ်။ ဩဂုတ်လ လယ် နောက်ပိုင်း ပူတင်နဲ့ ပထမဆုံး အကြိမ် ပြောဆိုခဲ့တဲ့ ဒီ ဖုန်းခေါ်ဆိုမှုဟာ “အလွန်တရာ အကျိုးဖြစ်ထွန်းမှု ရှိတယ်’’ လို့ ထရမ့်က ပြောလိုက်ပြီး ဝါရှင်တန်နဲ့ မော်စကို အဖွဲ့တွေ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံကြမှာလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဟန်ဂေရီ မြို့တော် ဘူဒါပက် မှာ